ep-19

2.7K 240 11
                                    

(Unicode)

"ဘာ..ဘာရယ် မင်းကို wenhanက အကူအညီတောင်းတယ် ဟုတ်လား!"

"ဟုတ်တယ် fanxing သူက yangziကို လက်လွှတ်မခံနိုင်ဘူးတဲ့... yangziက သူ့ကိုငြင်းလိုက်တော့ တော်တော်ခံစားနေရပုံပဲ"

"yangziငြင်းလိုက်တာ ငါသိတယ် yibo, yangziက ငါ့ကိုပြောတယ် သူချစ်တာ xiaozhanကိုတဲ့"

"ငါသိတယ်"

"ဒါပေမယ့် မထင်မှတ်ပဲ xiaozhanနဲ့မင်း ပတ်သက်မှုရှိလာတော့ သူအတော်ခံရခက်သွားတယ် yibo, သူwenhanကိုငြင်းလိုက်တာ သူချစ်တဲ့လူကxiaozhanဆိုတာ ငါ့ကိုလာပြောပြတာက ရင်ဖွင့်တယ်ဆိုတာထက် မင်းသိအောင် တမင်ပြောလိုက်တာလို့ငါထင်တယ်"

yibo ခပ်ယဲ့ယဲ့ပြုံးမိသည်။fanxingကိုပြောရင် yiboဆီရောက်မယ်ဆိုတာ yangzi မသိတာမဖြစ်နိုင်ပါ။

"သူ့ဘဝမှာ လိုခင်တာမှန်သမျှမရဘူးဆိုတာ မရှိခဲ့ဘူးတဲ့...အခုလဲ သူချစ်တဲ့ xiaozhanကို ရအောင်ယူပြမယ်တဲ့"

အချစ်က လိုချင်တောင့်တတိုင်းရနိုင်တဲ့ အရာလို့ yangziက ထင်နေပုံပဲ....

"မင်း သူတို့ဆီကအလုပ်ထွက်သွားတာ wenhanနဲ့ပတ်သက်ပီးအရှုံးပေးသွားတာတဲ့...ပီးတော့ xiaozhanနားကိုကပ်တာက သူ့ကိုစိန်ခေါ်တာတဲ့ကွာ"

"ငါ့စိတ်ထဲမှာ အဲ့ဒီလိုတေတခါမှမတွေးမိခဲ့ပါဘူး fanxing ရာ"

သူ့လိပ်ပြာသူလုံပါသည် တကယ်ကို အခြေနေအရပ်ရပ်ကြောင့်သာ xiaozhanရဲ့အလုပ်ကိုလက်ခံခဲ့တာဖြစ်ပီး တခါမှ yangziပြောသလိုမတွေးခဲ့ဖူးပါ။

"အထက်တန်းထဲက မင်းနဲ့သူက အဆင့်ပြိုင်နေကျဆိုတော့ အခုကိစ္စတေကိုလဲ မင်းကလိုက်ပြိုင်တယ်လို့ သူထင်နေပုံပဲ"

ကျောင်းတုန်းကတော့ ပညာရေးမို့အပြိုင်ကြိုးစားခဲ့ဖူးတာတော့ အမှန်...

"ငါ့အထင်ပြောရရင် သူ xiaozhanကို အမိအရချဥ်းကပ်တော့မှာ yibo"

fanxingတွေးသလိုပဲ wenhanလဲတွေးပုံပေါ်သည် ဒါကြောင့် သူ့ကိုလာအကူအညီတောင်းတာဖြစ်မည်။

"ဒါနဲ့ မင်း ငါ့ကို wenhanအကူအညီတောင်းတဲ့ကိစ္စမပြောရသေးဘူးနော် yibo"

"yangziနဲ့ xiaozhanနဲ့ မပတ်သက်ဖြစ်အောင်လုပ်ပေးဖို့ပြောတာကွာ"

"ဒုက္ခပဲ မင်းကြားညပ်မယ့်ကိစ္စကြီး...ဒီလိုအကူအညီတော့မတောင်းသင့်ဘူး"

အခန်းဆက်သီချင်း(ZhanYi)Where stories live. Discover now