ep-14

2.5K 278 12
                                    

(Unicode)

Espresso Bar မှာ yiboတစ်ယောက်ထဲထိုင်နေမိသည်။
ကော်ဖီကိုတစ်ယောက်ထဲအေးအေးဆေးဆေးထိုင်သောက်ရတဲ့ အရသာကလဲထူးခြားသားပဲ။
xiaozhanတို့အိမ်ကအလုပ်ကတင်မက ဆေးခန်းကပါအလုပ်ထွက်လိုက်တဲ့သူ့အတွက် အချိန်တေအားလို့နေသည်။
တခြားအလုပ်ဘာလုပ်ရမလဲ လဲမစဥ်းစားချင်သေးဘူး။

သူအလုပ်ထွက်ဖို့ပြောတော့ yangziက အတင်းတားနေသေးသည်။

"ငါ့ကြောင့်လား yiboရယ်၊ စိတ်မကောင်းအောင်မလုပ်ပါနဲ့ဟာ...ပီးတော့ wenhanကို ငါလက်မခံပါဘူး ငါမှ သူ့ကိုမချစ်တာ ငါကxiaozhanကိုပဲချစ်တာကို...တစ်နေ့နေ့တော့  နင့်မေတ္တာတေ wenhanနားလည်လာမှာပါ ဒီအကြောင်းအရာတေကြောင့်ဆိုရင်တော့ အလုပ်မထွက်ပါနဲ့ဟာ...နော်"

yangziရဲ့စကားသံတေကို သူအထပ်ထပ်ကြားယောင်နေမိသည်။နင်ပဲအမျိုးမျိုးတတ်နိုင်တယ် yangziရယ် ငါ့အကြောင်းကိုစိတ်လိုလက်ရပြောနေခဲ့ကြတဲ့ထဲနင်မပါတဲ့အတိုင်းပဲ။

yangziအကြောင်းတွေးမိရင်း xiaozhanအကြောင်းပါတဆက်ထဲအတွေးထဲပါလာသည်။
xiaozhanရဲ့အရောဝင်မှုကိုလက်ခံလိုက်ရမလား???
သူသာ xiaozhanနဲ့ရင်းနှီးသွားခဲ့ရင် ဖြစ်ပျက်နေမယ့်yangziရဲ့မျက်နှာကို မြင်ယောင်ရင်းပြုံးလိုက်မိသည်။
ထိုအချိန်မှာပဲ wenhanဆီက ဖုန်းဝင်လာသည်။
မဆက်စဖူး ဆက်တာဆိုတော့ သူကြောင်နေမိသေးတာ...

"ဟယ်လို"

"wangyibo မင်း yangziကို ချုပ်ကိုင်ထားတာလား"

wenhanရဲ့ဒေါသတကြီးအသံကြောင့် yibo​ကြောင်အ သွားရသည်။

"ဘာကိုဆိုလိုတာလဲ wenhan ငါနားမလည်ဘူး"

"တုံးအချင်ယောင် ဖြူစင်ချင်ယောင်ဆောင်မနေနဲ့ wangyibo..yangziက မင်းကြောင့် ငါ့ကိုငြင်းတာ ငါသိတယ်"

"မင်း ဘာတေပြောနေတာလဲ"

"အဆုံးထိဝန်မခံဘူးပဲ...မင်းငါ့ကိုစိတ်ဝင်စားနေတာ ငါသိတယ် wangyibo...ယောကျ်ားလေးတန်မဲ့နဲ့လေ"

yibo လဲကျမတတ်လန့်ဖျပ်သွားရသည်။

"ငါ ရှင်းရှင်းပြောမယ် wangyibo...ငါ မင်းကိုစိတ်မဝင်စားဘူး ဘယ်အရာက ငါ့အပေါ်မင်းကိုမရိုးမသားဖြစ်စေခဲ့လဲငါမသိဘူး ငါသိတာ ငါမင်းကိုရွံတာပဲ...ပီးတော့ ငါ့ဘဝမှာ အရေးအကြီးဆုံးက yangziပဲ သူ့ကိုပိုင်ဆိုင်ဖို့ဆို ငါဘာမဆိုလုပ်ရဲတယ်ဆိုတာမင်းသိထား"

အခန်းဆက်သီချင်း(ZhanYi)Where stories live. Discover now