ep-5

2.9K 265 0
                                    

(Unicode)

XiaoZhan ဖျော်ဖြေမည်ကြောင့်ထင်သည် ဆိုင်လေးထဲလူတေပြည့်သိပ်နေ၏။

stageနဲ့အနီးဆုံးဝိုင်းကို wenhanက စီစဥ်ပေးထားတာကြောင့် yangziမျက်နှာက ရွှင်ပြုံးလို့နေသည်။

လေးယောက်သားစားပွဲဝိုင်းမှာဝင်ထိုင်တော့ yangziက stageကိုမျက်နှာမူထားသည့်ခုံတွင်ဝင်ထိုင်သည်။
ဒါကိုသတိပြုမိတဲ့ wenhanက မျက်နှာမဲ့လိုက်ရင်း stageကိုကျောပေးထားတဲ့ခုံမှာ တမင်ဝင်ထိုင်သည်။

yangziကို တမင်ဆန့်ကျင်လုပ်ပြသည့်သဘောပင်။yangziသဲသဲလှုပ်နေတဲ့ xiaozhanကို ဂရုမစိုက်သည့်အပြုအမူ။
ဒါပေမယ့် yangziကလဲ wenhanကို သတိမပြုမိသလို မသိကျိုးကျွံနေပြ၏။
fanxingက yangziရဲ့ညာဘက်ခုံမှာ yiboက fanxingနဲ့မျက်နှာချင်းဆိုင်ခုံမှာ အသီးသီးဝင်ထိုင်လိုက်ကြသည်။

"ဘာစားမလဲ စိတ်ကြိုက်မှာကြ ဒီနေ့အစအဆုံး ငါဒကာခံမှာ"

စားပွဲပေါ်က menu စာအုပ်လေးကို yangziဆီ ကမ်းပေးရင်း wenhanကပြောသည်။
yangziမျက်ဝန်းတေက ဖျောဖြေရေးမစတင်သေးတဲ့stageကိုသာအာရုံရောက်နေတာမို့ wenhanပေးနေတာကိုမြင်ပုံမရ။

"yangzi ပွဲကမစသေးဘူးနော် စားဖို့အရင်လုပ်အုန်း"

wenhan အလိုမကျစွာပြောတော့ yangziက menuကို စိတ်မဝင်စားသလို တချက်ကြည့်ရင်း

"ငါလာတာ xiaozhanကိုမြင်ချင်လို့ အစားစားဖို့မဟုတ်ဘူး နင်တို့ဘာသာမှာကြ"

wenhanမျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ထူပူသွားမှာသေချာသည်။yibo တကယ်ပဲ wenhanကို သနားသွားရ၏။
fanxingက အခြေအနေကိုဝင်ထိန်းဖို့ wenhanလက်ထဲက menuစာအုပ်ကိုလှမ်းယူပီး

"ငါဗိုက်ဆာနေပီ မှာလိုက်တော့မယ်"

fanxingက သူ့အကြိုက် ဟင်းလျာတချို့မှာသည်။ပြီးတော့ yiboဘက်လှမ်းမေးတော့

"ရတယ် wenhan မင်းပဲမှာလိုက် ငါကအကုန်စားပါတယ်"

wenhanက ဒေါသကိုမြိုသိပ်ရင်း menuထဲက ဟင်းတေကိုစိတ်ကြိုက် တမျိုးပီးတမျိုးရေရွတ်မှာနေသည်။

မှာထားတာတေရောက်လို့စားကြပြန်တော့လဲ yangziက တို့ကနန်းဆိတ်ကနန်းသာစားသည်။
မျက်ဝန်းတေက ဖျော်ဖြေပွဲစတင်တော့မယ့် stageကိုပဲ တကြည့်ကြည့်လုပ်နေ၏။

အခန်းဆက်သီချင်း(ZhanYi)Where stories live. Discover now