ချစ်ခွင့်မရှိ - 1

11.1K 624 20
                                    

Zawgyi

ဂျိမ်း.......!!!

တိတ်ဆိတ်နေသော အဆောက်အအုံကြီးထဲ တံခါးဖွင့်သံကြီးမှာ ကျယ်လောင်စွာထွက်ပေါ်လာ၏။

"အမှတ်စဉ် ၃၈၈၅ Kim Seok Jin ထောင်ဝင်စာလာတွေ့တယ်"

တံခါးဖွင့်သံကြားလို့ စာဖတ်နေသော Seok Jin မော့ကြည့်လိုက်သည်။ ထောင်စောင့်ဖြစ်နေသည်မို့ ခေါင်းငြိမ့်ကာ သူပြုံးပြလိုက်၏။

"ဟုတ်ကဲ့"

မထွက်ခင် ဘေးမှာထိုင်နေသော ကောင်လေးဘက်လှည့်၍..

"Hyung သွားတွေ့လိုက်ဦးမယ်နော်"

"ဟုတ်ကဲ့ Hyung"

သူ့ညီအစ်ကိုလိုခင်ရသောအခန်းဖော်ကောင်လေး
အား ပြောပြီး သူ ထောင်စောင့်နောက် လိုက်လာခဲ့လိုက်သည်။

ဧည့်တွေ့အခန်းလေးထဲဝင်လိုက်တော့ ထင်သည့်အတိုင်း သူ့ကို အမြဲလာတွေ့နေကျ သူ့သူငယ်ချင်း Min Yoon Gi..

တခြားသူဆိုတာကိုလည်း သူမမျှော်လင့်ခဲ့ဖူးပါ။ သူ့ဆီလာတွေ့တာဆိုလို့ သူ့အဖေနဲ့ သူ့သူငယ်ချင်း Min Yoon Gi သာရှိသည်။

Yoon Gi မျက်နှာမှာ ဝမ်းနည်းမှုတွေအထင်းသားမြင်နေရပြီး ခါတိုင်းလာတွေ့နေကျနဲ့မတူ...။

ဒါကြောင့် ထောင်သားနဲ့ထောင်ဝင်စာလာတွေ့သူတို့ကြား မှန်လေးကာရံထားတာမို့ သူ့ရှေ့ချထားသော ဖုန်းလေးအားကိုင်ပြီးမေးလိုက်၏။

"Yoon Gi ဘာဖြစ်နေတာလဲဟင်.. မျက်နှာလဲမကောင်းပါလား Appa များ တစ်ခုခုဖြစ်လို့လား ဒါမှမဟုတ် သူ...သူတစ်ခုခုဖြစ်လို့လား"

Seok Jin ဆီက သူဆိုတဲ့စကားကြောင့် Yoon Gi မျက်နှာထက် ဒေါသရိပ်တွေဖုံးလွှမ်းလာလေသည်။

"Seok Jin မင်းသူ့ကိုမမေ့နိုင်သေးဘူးလား သူ့ကြောင့်မင်းဒီထဲရောက်နေတာလေ မင်းမမှတ်မိတော့ဘူးလား.....ဟမ်"

လာတုန်းကတော့ ဝမ်းနည်းမှုတွေနဲ့ပါ။
သို့ပေမယ့် မကြားချင်ခဲ့တော့ 'သူ' ဆိုတဲ့နာမ်စားကြောင့် အသံပင်မာသွားခဲ့ရသည်။

"Yoon Gi....ငါ...ငါလဲမှားခဲ့တာကြောင့်ပါ သူ့ကြောင့်မဟုတ်ပါဘူး"

"ဘာ !! Kim Seok Jin အဲ့လိုပြောရအောင် မင်းက Jimin ကို တကယ်သတ်ခဲ့လို့လား"

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now