ချစ်ခွင့်မရှိ - 23

6.1K 525 87
                                    

Zawgyi

မနက်ခင်း နေရောင်ရေးရေးလေးက လိုက်ကာကိုကျော်ပြီး မျက်နှာနုနုပေါ် လာထိုးနေတာကြောင့် အပူရှိန်နဲ့ Seok Jin နိုးလာခဲ့သည်။
အိပ်ချင်မူးတူးနဲ့ ဘေးကို စမ်းကြည့်လိုက်တော့ ချစ်ရတဲ့လူသား ရှိမနေ

"Kookie...Kookie ဘယ်မှာလဲ..Yah Jung Kookie....ကျစ်....ဘယ်တွေသွားနေတာလဲ မသိဘူး"

တော်တော်နဲ့အော်ခေါ်လို့မရတော့
လူကဒေါသ ထွက်နေချေပြီ။
အိမ်ထဲမှာရှိရင်တော့ သူ့ရဲ့ စွာတေးလန်အသံကိုကြားမှာအသေအချာ။

Seok Jin ကုတင်စွန်းကို ရွေ့သွားပြီး ဘေးက wheelchair လေးကို လက်နဲ့ဆွဲပြီး မရရအောင် တက်လိုက်သည်။
ပြီးမှ တံခါးလေးဖွင့်ပြီး ဧည့်ခန်းထဲမှာရှာသည် မတွေ့။
အပေါ်ထပ်ရှိပေမယ့် သူ့အခြေအနေကြောင့် အောက်ထပ်ကအခန်းမှာပဲ နေသည်။
ခုတော့အပေါ်ထပ် တက်လို့မရတာကြောင့် လှေကားရင်းကနေပဲ အော်ခေါ်ရတော့မည်။

"Kookie...Jeon Jung Kook...ဟာ ဘယ်မှာလဲကွာ"

အပေါ်ထပ်ကနေ ပြန်ထူးသံမလာတာကြောင့် ထမင်းစားခန်းထဲသွားရှာတော့လဲ မတွေ့

အပြင်မှာသွားရှာမယ်ဆိုပြီး ထွက်တော့ တံခါးဝမှာ မြင်လိုက်ရတဲ့သွေးတွေ..။
သူ အရှေ့ကို ဆက်ကြည့်လိုက်တော့ လူတစ်ယောက် ဒဏ်ရာရနေတာကို လမ်းလျှောက်ထားတဲ့အတိုင်း တစ်လမ်းလုံးသွေးတွေပင်။

ဒီမှာ သူနဲ့ Kookie ပဲရှိတာလေ
သူကဒီမှာအကောင်းကြီးဆိုတော့ ဒီ....ဒီသွေးတွေက...

Seok Jin ဘီးလေးအားလက်တုန်တုန်ယင်ယင်လေးနဲ့ လှည့်ပြီး ထိုသွေးတွေလမ်းကြောင်းအတိုင်း လာနေ၏။

ထိုသွေးတွေအဆုံးမှာတော့ မြင်လိုက်ရတာက သစ်ပင်လေးကို မှီရင်း သွေးထွက်နေတဲ့ ဒဏ်ရာနဲ့ထိုင်နေသော ကောင်လေးတစ်ယောက်ကို ဓားနဲ့ထိုးဖို့ပြင်နေသော ကောင်လေး..။

လဲနေတဲ့ကောင်လေးမှာ အင်္ကျီအဖြူဝတ်ထားတာကြောင့် တစ်ထည်လုံးနီရဲနေတာဟာ ကြည့်ရဆိုးလှသည်။
သူ ထိုကောင်လေးအား သေချာကြည့်လိုက်မှ

"Kookie..Kookie..Andwel !!"

Seok Jin အမြန်ပင် Jung Kook နားကို ရောက်သွားပြီး

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now