ချစ်ခွင့်မရှိ - 20

5.9K 508 47
                                    

ZAWGYI

"Seok Jin...မသွားပါနဲ့ ငါ့ကိုတစ်ယောက်တည်း မထားခဲ့ပါနဲ့ Andwel !!"

ချွေးသံတလုံးလုံးနဲ့ အိပ်မက်ဆိုးကြောင့် သူငေါက်ခနဲထထိုင်လိုက်သည်။
သူထထိုင်လိုက်တော့ ခန္တာကိုယ်လှုပ်သွားတာကြောင့် ဗိုက်က သေနတ်ဒဏ်ရာက ဆစ်ခနဲဖြစ်သွားပြီး
ခေါင်းတွေကလဲ တအားထိုးကိုက်လာ၏။

ဆေးနံ့တွေကြောင့် ဆေးရုံရောက်နေမှန်း သူသိလိုက်သည်။
အခန်းထဲမှာတော့ သူတစ်ယောက်ထဲသာ ရှိနေ၏။
ပြီးမှ သူသတိရတာက Seok Jin

"Seok Jin....."

Jung Kook Seok Jin ကိုရှာဖို့ သူ့လက်ပေါ်က ဆေးပိုက်တွေကို ဖြုတ်နေတုန်းမှာပဲ တံခါးဖွင့်ပြီးဝင်လာသော Tae Hyung နဲ့ Nurse လေးတစ်ဦး

"Yah..Jeon Jung Kook ဒါ ဘာလုပ်နေတာလဲ"

ဆေးပိုက်တွေအတင်းဖြုတ်နေသော သူ့ကို Tae Hyung အတင်းလှမ်းတားသည်။
Nurse လေးကတော့ ဆရာဝန်သွားခေါ်မယ်ဆိုပြီး ထွက်သွား၏။

"ငါ Seok Jin ကိုရှာရမယ်..သူ..သူဘယ်မှာလဲ Tae Hyung"

"ငါ ပြောပြပါမယ် ဒါပေမယ့် ဆရာဝန်လာအောင် စောင့်လိုက်ပါဦး မင်းကို စမ်းသပ်ပြီးတာနဲ့ Jin Hyung ဆီ ငါလိုက်ပို့ပေးမယ်"

Tae Hyung စကားကို အထွန့်တက်ဖို့ပြင်လိုက်ပေမယ့်လဲ Seok Jin ကို မတွေ့ရမှာကြောင့် သူငြိမ်နေလိုက်သည်။
ဆရာဝန်ကိုသာ မြန်မြန်လာပြီး မြန်မြန်စမ်းသပ်ခိုင်းနေ၏။

"ဒါနဲ့ Tae Hyung..ငါ မေ့နေတာ ဘယ်လောက်ကြာပြီလဲ"

"၂ လ"

"ဘာ !! ၂...၂လ !! တကယ်ကြီးလား အဲ့လောက်တောင် ကြာသွားတာလား"

"ဟုတ်တယ် ဆရာဝန်တွေက မင်းကို လက်လျှော့ဖို့တောင် စဉ်းစားနေကြတာ Jin Hyung မနည်းတားထားလို့"

"Seok Jin က!! သူ...သူရော အခြေအနေဘယ်လိုလဲ"

"သူက သတိမေ့ပြီး နှစ်ပတ်အကြာမှ သတိရခဲ့တာ.. သူ သတိရတာနဲ့ မင်းဆီအမြဲတမ်း လာလာနေတာ Jung Kook.. ဆရာဝန်တွေ မင်းကို လက်လျှော့မယ်ပြောတော့ သူ့မှာ ဒူးထောက်ငိုယိုပြီး တောင်းပန်ခဲ့တာ..
ခုနလေးတင်မှ သူ့အခန်းဆီပြန်သွားတာ။
Hyung ကမင်းအနားမှာပဲ တစ်ချိန်လုံး ရှိနေတာ Jeon Jung Kook"

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now