ချစ်ခွင့်မရှိ - 22

6K 520 44
                                    

Zawgyi

(3) Years Later,,,

မြို့ပြင်ဘက်ကျတဲ့ တစ်လုံးထဲတည်ရှိနေသော အိမ်ကလေးတစ်လုံး...

ထိုအိမ်လေးမှာ ကမ်းခြေနားနီးတာကြောင့် ကမ်းခြေဘက်ကို မျက်နှာလေးမူရင်း လှိုင်းလုံးလေးတွေရဲ့ သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံလေးနဲ့ ကမ်းခြေအလှကို ငေးကြည့်နေသော wheelchair ပေါ်က ကောင်လေးတစ်ယောက်..။
တိတ်ဆိတ်လွန်းတာကြောင့် လှိုင်းသံတွေကို ကျယ်လောင်စွာ ကြားနေရသည်။
ထိုနေရာမှာ သူတစ်ယောက်ထဲသာ..။

ထိုကောင်လေးရဲ့မျက်နှာလေးကိုကြည့်တာနဲ့ ဝမ်းနည်းပူဆွေးနေမှန်းသိသာသည်။

"မင်းတော့မသိပေမယ့် ငါတော့မင်းကိုအရမ်းသတိရတာပဲ Kookie ရယ်
မင်းဘေးနားနေရင်လဲ အဆင်မပြေသလို မင်းနားကထွက်သွားရင်လဲ အဆင်ပြေမနေပြန်ဘူး...
(၃) နှစ်....(၃) နှစ်ရှိပြီနော်...မင်းငါ့ကို လိုက်မရှာခဲ့ဘူးမလား....နေနိုင်လိုက်တာကွာ....ခုလောက်ဆို မင်း မိသားစုသိုက်သိုက်ဝန်းဝန်းလေးနဲ့ ပျော်နေမှာပေါ့နော်....
ဟက်....ကျလာပြန်ပြီ ဒီအရည်တွေက"

အိမ်မှာ TV လဲမရှိသလို Jung Kook ကိုဆက်သွယ်မိမှာစိုးလို့ ဖုန်းပါမကိုင်တော့တာကြောင့် Jung Kook အကြောင်း ဘာဆိုဘာမှ မသိရ...
Seok Jin သာ TV ကြည့်မိရင်တော့ ထိပ်တန်း company CEO ထောင်ကျတဲ့သတင်းက TV လိုင်းတိုင်းမှာ နာမည်ကြီးပင်။

Seok Jin သူ့မျက်နှာထက်က မျက်ရည်တွေကို လက်နဲ့ ဖိသုတ်လိုက်ရင်း မျက်လုံးက အမှတ်မထင် ဘေးဘီဝဲယာကိုကြည့်လိုက်မိတော့ သူနဲ့မလှမ်းမကမ်းက ကျောက်ဆောင်လေးနားကနေ သူ့ကိုချောင်းကြည့်နေသော ကောင်လေးတစ်ယောက်။

ထိုကောင်လေးမှာ တစ်ကိုယ်လုံးကို All black ဝတ်ထားပြီး အင်္ကျီ ခေါင်းစွတ်ကြီးပါ စွတ်ထားသေးသည်။
မျက်နှာမှာလဲ မုတ်ဆိတ်မွေးတွေ ပါးသိုင်းမွေးတွေ နှုတ်ခမ်းမွေးတွေနဲ့မို့ Seok Jin လန့်လာ၏။

သူနဲ့အတူနေတဲ့ Tae Hyung က အလုပ်ကိစ္စနဲ့ Seoul တက်သွားလို့ အိမ်မှာသူတစ်ယောက်ထဲသာရှိသည်။
သူမြင်သွားတာကို ထိုကောင်လေးကသိသွားပြီး ကျောက်ဆောင်နားက ထွက်လာရင်း သူ့ဆီကို တန်းတန်းမတ်မတ်လာနေတော့ သူ့လက်တွေက wheelchair ဘီးလေးပေါ်ရောက်သွားပြီး ထွက်ပြေးဖို့ပြင်၏။

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now