ချစ်ခွင့်မရှိ - 9

6.5K 664 83
                                    

Zawgyi

Seok Jin နိုးလာတော့ ခန္တာကိုယ်တစ်ခုလုံးမှာ နာကျင်မှုနဲ့အတူ ကိုက်ခဲလို့နေသည်။
နာကျင်နေပေမယ့် ဒဏ်ရာတွေမှာ မနေ့ကလောက် နာကျင်မှုကို မခံစားရ။

လူက ဖျားနေတာကြောင့် နုံးချိချိဖြစ်နေသည်။
သူရောက်နေတဲ့အခန်းကို ဝေ့ဝိုက်ကြည့်လိုက်တော့ သူ့အခန်းမဟုတ်။
အောက်က ပျော့အိအိမွေ့ရာကြောင့် သူ့အခန်းမဟုတ်မှန်း သူသိသည်။
ပြီးမှ သူ့အဝတ်အစားတွေကြည့်လိုက်တော့ မနေ့ကသူဝတ်ထားတာတွေမဟုတ်ဘဲ
Jung Kook အင်္ကျီခပ်ပွပွတွေ ဖြစ်နေ၏။
Jung Kook ဟာ ဒီလိုခပ်ပွပွတွေပဲဝတ်မှန်းသိနေသောကြောင့် Jung Kook အဝတ်အစားမှန်း သူသိသည်။

သေချာကြည့်တော့မှ မနေ့က သူအရိုက်ခံရတဲ့ Jung Kook အခန်းဖြစ်နေသည်။
သူလဲ မြန်မြန်ကုန်းရုန်းထလိုက်ပြီး

"မနေ့က ငါ ငါ့အခန်းဆီ ပြန်သွားတာပါ၊ ဘယ်လိုဖြစ်လို့ ဒီအခန်းထဲ ရောက်နေရတာလဲ"

သူလဲ မစဉ်းစားတော့ပဲ မျက်နှာသစ်သန့်စင်ပြီး နုံးချိချိခန္တာကိုယ်ကြီးကို သယ်ပြီးသာ အောက်ထပ်ကိုဆင်းလာခဲ့၏။

သူ အောက်ထပ်ကိုရောက်တာနဲ့ သူ့ကို လှောင်ပြောင်ရွဲ့ပြောသံတွေက နားထဲကြားလိုက်ရသည်။

"အမယ်လေး....အစ်ကိုလေးတောင် Company သွားပြီး အိမ်က ကျွန်က နေဖင်ထိုးတဲ့အထိအိပ်နေတာ ဘာသဘောလဲ"

"တောင်းပန်ပါတယ်..."

Seok Jin အလုပ်သမားခေါင်းဆောင်ကိုသာ တောင်းပန်လိုက်သည်။
အလုပ်သမားတွေမှာလဲ သူတို့ Seok Jin ကိုနှိုးလို့ရရဲ့သားနဲ့ သူတို့အစ်ကိုလေးက မနှိုးနဲ့လို့ ပြောသွားခြင်းကြောင့်သာ သူတို့မနှိုးခြင်းကို လေရှည်နေခြင်းပင်။

"ရော့...ဒီမှာ ဒီပစ္စည်းတွေ သွားဝယ်ပေး"

သူ့ကို ဈေးသွားဝယ်ခိုင်းနေကြသောကြောင့် Seokjin မျက်နှာငယ်လေးဖြစ်သွားပြီး..

"ဟို....ကျွန်တော် နောက်နေ့မှ သွားလို့မရဘူးလားဟင် ကျွန်တော် နေလို့သိပ်မကောင်းချင်လို့ပါ"

သူ တကယ်လဲ နေလို့မကောင်းပါ။
တစ်ကိုယ်လုံးကိုက်ခဲပြီး နုံးချိနေသည်။
အိမ်အောက်ထပ်တောင် မနည်းအားတင်းပြီး သူဆင်းလာခဲ့ရခြင်းမဟုတ်လား။

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now