ချစ်ခွင့်မရှိ - 17

6K 519 62
                                    

Zawgyi

"ဘာ......ရှာမတွေ့ဘူး ဟုတ်လား လူတစ်ယောက်လေးတောင် မင်းတွေ့အောင် မရှာနိုင်ဘူးလား !!"

"တောင်းပန်ပါတယ် CEO သူက အပုန်းကောင်းနေတာ
သတင်းအစအနတောင် ရှာမရဘူး။
ကျွန်တော့စိတ်ထင် သူ့နောက်ကွယ်မှာ တစ်ယောက်ရှိမယ်ထင်တယ်"

"ဘယ်လို.....ငါ့ကိုပြန်ပြောစမ်း"

"သူတစ်ယောက်ထဲဆို ဒီလောက်ထိ လုံအောင်ပုန်းနိုင်မယ် မထင်ဘူး ပြီးတော့ သူ့အကြောင်းစုံစမ်းတာကို မိသားစုဘာညာ ဘာဆိုဘာမှမသိရဘူးလေ ဒါက သူ့နောက်ကွယ်မှာ ချုပ်ကိုင်ထားတဲ့လူ ရှိတယ်လို့ပြောနေတာပါ
အဲ့ဒီလူက တော်ရုံချမ်းသာတာ မဖြစ်နိုင်ဘူး CEO"

"တောက်.....ဟာကွာ....အဲ့ကောင်ကို ငါ အခုမြင်ချင်တယ်
မင်းမရရအောင်ရှာ လူအင်အားလိုရင်လဲ ခေါ်သုံး ကြားလား"

"ဟုတ်ကဲ့ CEO Jeon ကျွန်တော် ဆက်ရှာလိုက်ပါမယ်"

အတွင်းရေးမှူးထွက်သွားတော့မှ ကြားလိုက်ရတဲ့အသံက

"အာ....ကိုယ်စားလှယ် Kang ရောက်နေတာကြာပြီလား"

ကိုယ်စားလှယ် Kang ဆိုတော့ Anna ရောက်နေမှန်း Jung Kook သိလိုက်သည်။

"မကြာသေးပါဘူး ကျွန်မ အထဲဝင်သွားလိုက်မယ်နော်"

"အာ....ဟုတ်ကဲ့"

Anna အခန်းထဲ ရောက်တာနဲ့

"ဘာကိစ္စလဲ Anna...."

"ငါ စာရင်းတွေ လာပြတာပါ"

"အွန်း....ထားခဲ့လိုက် ခုံပေါ်မှာ"

စာရင်းတွေအား ခုံပေါ်ထားခဲ့ပြီး Anna ထွက်သွားဖို့ ပြင်ပြီးမှ နောက်ပြန်လှည့်လာပြီး

"ဒါနဲ့ Jung Kook.... ဘယ်သူ့ကို ရှာနေတာလဲ"

"Lee Shin ကို....မင်းက ဘာလုပ်ဖို့လဲ
အာ....ဟုတ်သားပဲ ကျောင်းတုန်းက မင်းနဲ့ Lee Shin က တပူးပူးတတွဲတွဲပဲ အခု သူဘယ်မှာရှိလဲ မင်းမသိဘူးလား"

"ငါ....ငါက ဘယ်လိုသိမှာလဲ သူနဲ့ငါနဲ့က ဘာမှပတ်သတ်တာမဟုတ်ဘူး
ဒါ....ဒါနဲ့ သူ့ကိုရှာပြီး ဘာလုပ်ဖို့လဲ"

Anna ပြောရင်းနဲ့ အမူအယာပျက်လာသည်။

"မင်းသိစရာမလိုပါဘူး သွားလို့ရပြီ"

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now