ချစ်ခွင့်မရှိ - 19

5.5K 522 73
                                    

Zawgyi

အချိန်အားဖြင့် ည (၇) နာရီ.....
လူလတ်တန်းစားတွေ နေထိုင်တဲ့ အခန်းပေါင်းများစွာပါတဲ့ 
(၄) ထပ်တိုက်ကြီးရှေ့ အရှိန်ပြင်းပြင်းထိုးရပ်လာသော ကားတစ်စီး။
ကားရပ်လိုက်တာနဲ့ ကားပေါ်ကလောလောနဲ့ဆင်းလာပြီး ကားတံခါးတောင် သေချာပြန်မပိတ်နိုင်ဘဲ တိုက်ပေါ်ပြေးတက်သွားသည်။
ဓာတ်လှေကားရှိပါရက်နဲ့ မစောင့်နိုင်ဘဲ လှေကားကနေသာ (၃) လွှာသို့ သူပြေးတက်သွား၏။

ထိုသူဟာ Jeon Jung Kook..။

သူရောက်ချင်တဲ့ အခန်းရှေ့ရောက်တာနဲ့ တံခါးကို လျင်မြန်စွာ ဆွဲဖွင့်လိုက်သည်။
ပထမဦးဆုံးမြင်လိုက်ရတာက မှောင်မဲနေသော အခန်း..။
အမှောင်ထဲမှာ သူ Seok Jin ကို ဝေ့ဝိုက်ရှာနေသည်။

"Seok Jin..Seok Jin မင်းဘယ်မှာလဲ"                           
လရောင်ရေးရေးလေးကြောင့် Seok Jin ကို သူမြင်ပြီး ချက်ချင်း Seok Jin ဆီ ပြေးသွားသည်။

"Seok Jin"

Seok Jin နဲ့ နီးလာလေ သူ့ခြေတွေလက်တွေဟာ တုန်လာလေပင်။
ဘာလို့ Seok Jin ဟာ သူ့အိပ်မက်ထဲကအတိုင်း တစ်ပုံစံတည်း ဖြစ်နေရတာလဲ။

ခြေရောလက်ရော ကြိုးတွေတုပ်ခံထားရပြီး
မျက်နှာအနှံ့မှာ ဒဏ်ရာတွေဆိုတာ ကြည့်မကောင်း။
လက်ဖွေးဖွေးလေးပေါ်မှာလဲ ဓားခြစ်ရာတွေ
နှုတ်ခမ်းတွေပြာပြီး ဆံပင်တွေစုတ်ဖွာနေတာကြောင့် ခေါင်းကို ရေနှစ်ခံထားရပုံပင်။
ကိုယ်ပေါ်မှာ အင်္ကျီမရှိတာကြောင့် ဗိုက်နဲ့ကျောကုန်းမှာ ကြာပွတ်ရာတွေ။
Seok Jin မျက်လုံးလေး မပွင့်တပွင့် ဖြစ်လာပြီး အသံတုန်တုန်ယင်ယင်ဖြင့်

"Kookie မင်းရောက်လာတယ်"

"Seokjinnie ဘာတွေဖြစ်ထားတာလဲကွာ ငါ့ကိုစိတ်ပူရအောင်"

Jung Kook ဒူးတစ်ဖက်ထောက်ထိုင်လိုက်ရင်း လက်က Seok Jin အား ကြိုးဖြည်ပေးနေရင်း စိုးရိမ်တကြီးမေးနေသည်။

Jung Kook သူ့ကို လူတစ်ယောက်က ဖုန်းဆက်ပြီး Seok Jin ကို တွေ့ပြီ ဒီနေရာကိုလာခဲ့ဆိုလို့ သူအပြေးလာခဲ့တာပင်။
သူထင်ထားတာ ဒီလိုမျိုးမဟုတ်
Seok Jin နှိပ်စက်ခံထားရတာလား။

Jung Kook ချက်ချင်းဖုန်းထုတ်ပြီး contact တစ်ခုအား message လှမ်းပို့လိုက်သည်။

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now