ချစ်ခွင့်မရှိ - 15

7.1K 572 76
                                    

Zawgyi

လှပသောမနက်ခင်းမှာ ကြည်နူးဖို့ကောင်းအောင် တစ်ယောက်ကိုတစ်ယောက် လွတ်ထွက်သွားမှာစိုးသည့်အလား တင်းနေအောင် ဖက်ရင်း ကုတင်ထက်အိပ်ပျော်နေကြသော ကောင်လေးနှစ်ယောက်..။

ရာသီဥတုကလဲ မနေ့ညကသူမဟုတ်တဲ့အတိုင်းပင် သာယာလွန်းလှသည်။
လိုက်ကာကိုကျော်ပြီး မျက်နှာနုနုပေါ် နေရောင်အရှိန်ဟပ်လာတာကြောင့် Seok Jin မျက်လုံးမပွင့်တပွင့်နဲ့ နိုးလာ၏။

Jung Kook ကို သူမော့ကြည့်လိုက်တော့ အိပ်မောကျနေသေးသည်။
အလုပ်သမားတွေရောက်လာတော့မှာကြောင့် Seok Jin ထဖို့ပြင်သည်။
ူJung Kook မနိုးအောင် သူ့ခါးပေါ်က Jung Kook လက်ကို အသာလေးဖယ်ပြီး သူထလိုက်ပေမယ့် ကုတင်ပေါ် ပြန်ဆောင့်ဆွဲခံလိုက်ရတာကြောင့် ကြည့်လိုက်တော့ မျက်လုံးမှိတ်ထားရာကနေ ပြုံးနေသော Jung Kook ပင်။

Jung Kook အိပ်ရာထကာစပုံလေးကအစ Seok Jin အတွက်ရင်ခုန်စေသည်။

Seok Jin ကို Jung Kook သူ့ဘေးနားပြန်လှဲလိုက်ချလိုက်ပြီး
Seok Jin နဖူးလေးအား အနမ်းတစ်ပွင့်ပေးရင်း..။

"Morning"

"နိုးသွားတာလား..miyanae..."

သူ့ကိုအတင်းဖက်ထားတာကြောင့် Seok Jin ရုန်းပြီး

"လွှတ်ဦး အလုပ်သမားတွေ ရောက်လာတော့မယ်"

"လာပါစေပေါ့ ဘာဖြစ်လဲ"

Jung Kook မျက်လုံးမှိတ်ထားရင်းနဲ့သာ ပြန်ပြောသည်။

"မြင်သွားမှာပေါ့"

ထိုတော့မှ Jung Kook မျက်လုံးပွင့်လာပြီး Seok Jin ကို သေချာစိုက်ကြည့်တော့ Seok Jin လန့်သွားရပြန်သည်။
Jung Kook ဒေါသထွက်အောင် သူလုပ်လိုက်ပြီလားဆိုပြီး တွေးနေပေမယ့် အပြင်မှာတော့ Jung Kook စကားကြောင့် ပျော်သွားရ၏။

"သူတို့ကို အလုပ်ဖြုတ်လိုက်ရမလား"

"မလုပ်ပါနဲ့ သူတို့ပိုက်ဆံမရတော့ဘဲနေမှာပေါ့.. သနားပါတယ်"

တကယ်လဲ Seok Jin သနားပါသည် ပိုက်ဆံမရှိလို့ သူများအိမ်မှာ အလုပ်လာလုပ်နေရတာမလား။
အလုပ်သာပြုတ်ရင် သူတို့ဘယ်ကပိုက်ဆံရတော့မလဲ။
သူ့ကြောင့် အလုပ်ပြုတ်သွားတာမျိုး သူမလိုချင်ပါ။

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now