ချစ်ခွင့်မရှိ - 3

5.8K 543 48
                                    

Zawgyi

ဂျိမ်း.....🔥🔥

ထွက်ထွက်လာခြင်း အင်္ကျီက ပါးလွန်းလှတာကြောင့် ဆောင်းလေတစ်ချက်တိုက်လိုက်တာနဲ့ စိမ့်ခနဲ ဖြစ်သွား၏။
နောက်ဆုံးတော့ ဒီဝဋ်ကြွေးကနေ သူလွတ်မြောက်ခဲ့ပြီ။
သူ့ကို ဘယ်သူမှ လာကြိုမယ့်သူ မရှိသလို
ပဲပြားကျွေးမယ့်သူတောင် မရှိချေ။
သူများတွေပြန်ထွက်လာတာကို သူအားကျမိသည်
ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်က
လာခေါ်လိုက် ကိုယ့်ချစ်သူက လာခေါ်လိုက်နဲ့ သိပ်အားကျမိတာတော့ အမှန်ပင်။

သူလဲ ဆက်တွေးမနေတော့ဘဲ သူ့အိမ်ဆီသို့ သူပြန်ရမည် သူ့အဖေမရှိတော့တဲ့ အိမ်လေးဟာ ဘယ်လိုဖြစ်နေမလဲ မသိ။
အဖေတစ်ယောက် သားတစ်ယောက်သာမို့ အိမ်ဟာအထီးကျန်လွန်းလှသည်

သူအိမ်ရှေ့ရောက်လို့ ဘဲလ်တီးလိုက်တော့ အဒေါ်ကြီးတစ်ယောက်နဲ့ကလေးလေးတစ်ယောက်ထွက်လာ၏။ ထိုအဒေါ်ကြီးကို သူမမြင်ဖူး
အိမ်ပဲမှားလာလားဆိုပြီး သူသေချာပြန်ကြည့်မိသည်။
အိမ်လဲမမှားချေ ကလေးလေးမှာ မုတ်ဆိတ်မွေးနဲ့နှုတ်ခမ်းမွှေးတွေနဲ့ဖြစ်နေသော သူ့ကိုကြောက်လို့ထင် အဒေါ်ကြီးနောက်မှာ ပုန်းလို့နေလေသည်။

"ဟို.....ဒါက Kim Jin Goo တို့အိမ်လားမသိဘူးခင်ဗျ"

"အာ....မှားနေတယ်ထင်တယ်ရှင့် ဒီအိမ်ပိုင်ရှင်က Jeon Jung Kook ပါ"

"ဗျာ....."

Kookie !!!

သူအံ့ဩသွားမိသည် Kookie ကဝယ်လိုက်တာလား ဘယ်လိုတွေဖြစ်ကုန်တာလဲ၊
ငါ့ကို ဘယ်လောက်တောင်မုန်းနေလို့ နေစရာအိမ်မရှိအောင်တောင် လုပ်ပစ်ရတာလဲ Kookie ရယ်

ဒီလိုနဲ့ သူပြန်မထွက်လာခင် ဘေးက Jung Kook အိမ်လေးကို တစ်ချက်ကြည့်လိုက်သေးသည်
အရိပ်အယောင်ပင်မတွေ့ရ
သူ့မှာသွားစရာနေရာမရှိတော့ သူဘယ်မှာသွားနေရမှာလဲ။
Yoon Gi တို့ကိုလဲ ဒုက္ခမပေးချင်
သူ့ဘာသူတောင် မနဲပြေလည်အောင်လုပ်နေရတာမလား။
သူအလုပ်လုပ်တဲ့ Appa Companyက အဖျက်ခံလိုက်ရတော့ သူဘယ်မှာအလုပ်လုပ်နေမလဲ။
သူကားမှတ်တိုင်မှာ အေးစိမ့်ခြင်းကို အံတုရင်း တစ်ယောက်ထဲထိုင်နေမိသည်။

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Wo Geschichten leben. Entdecke jetzt