ချစ်ခွင့်မရှိ - 5

5.8K 528 62
                                    

Zawgyi

Seok Jin' pov,

7 years ago,,

တောင်ကိုရီးယားနိုင်ငံတွင် နာမည်ကြီးသော Seoul University

"ကဲ....အားလုံး ဆူညံနေတာတွေ တိတ်မယ်
ဒီနေ့ ကျောင်းသားသစ်တစ်ယောက်ပြောင်းလာလို့ Teacher မိတ်ဆက်ပေးမယ်နော် သား....ဝင်ခဲ့လေ"

ဆရာမ ပြောလိုက်တော့ ကျောင်းသားသစ်လေး လုံးတုံးလုံးတုံးနဲ့ အတန်းထဲသို့ဝင်လာလေသည်။

"မင်္ဂလာပါ Park Jimin လို့ခေါ်ပါတယ်ခင်ဗျ.. ရှေ့လျှောက်ကူညီပေးကြပါဦးနော်"

မိတ်ဆက်စကားသံအဆုံး အတန်းသားတွေမှ လက်ခုပ်တီးကာကြိုဆိုကြ၏။

"သား.. Seok Jin ဘေးမှာ ဝင်ထိုင်လိုက်နော်"

"ဟုတ်ကဲ့ Teacher"

Seok Jin ဒီနေ့ Jung Kook ကနောက်ကျမယ်ဆိုလို့ မစောင့်တော့ပဲ သူတစ်ယောက်ထဲ ကျောင်းကို ထွက်လာခဲ့သည်။

Jung Kook မရောက်သေးတော့ သူ့ဘေးက နေရာလေး လွတ်နေတာကြောင့် ဆရာမက ဝင်ထိုင်ခိုင်းလိုက်ခြင်းပင်။

သူလဲ Jung Kook လာမှအကျိုးအကြောင်းပြောပြမယ် ဆိုပြီး Jimin အား ပေးထိုင်ခဲ့လိုက်သည်။

"အာညော်...ငါက Kim Seok Jin ပါ"

"ဟုတ်...Park Jimin ပါ"

ကောင်လေးကြည့်ရတာ ရည်ရည်မွန်မွန်နဲ့ သွက်သွက်လက်လက်လေးပင်။
ထို့ကြောင့် ခနလေးအတွင်း သူနဲ့ တော်တော်လေးရင်းနှီးသွားခဲ့သည်။

နေ့လည်ကျောင်းလွှတ်ချိန်အထိ Jung Kook ကျောင်းကို ရောက်မလာသေးချေ။

သူတို့နှစ်ယောက် ကန်တင်းမှာ ထမင်းစားနေတုန်း Jung Kook တစ်ယောက် အမောတကောနဲ့ ပြေးလာ၏။

"SeokJinnie...sorry"

ရောက်တာနဲ့ အမှားလုပ်ထားသလို မျက်လုံးလေးပေကလပ်ပေကလပ်လုပ်ကာ Jungkook ချစ်စဖွယ်ပြောတော့ Seokjin မှာ အခုန်မြန်နေသော ရင်ဘတ်အားဘယ်လိုမှဖုံးဖိမရနိုင်။

"ဘယ်လိုဖြစ်လို့ ခုမှရောက်တာလဲ Kookie"

"ငါ Appa ခိုင်းထားတာလေး လုပ်ပေးနေလို့ကွ"

"အေးပါ....ရော့ ဒီမှာ မင်းအတွက်ငါ ထမင်းယူပေးထားတယ်"

"ဟာ....အတော်ပဲ ငါဗိုက်ဆာနေတာ"

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now