ချစ်ခွင့်မရှိ - 24 (Final)

11.5K 675 100
                                    

Zawgyi

Jung Kook ရေချိုးခန်းထဲက ခေါင်းသုတ်ရင်း ထွက်လာတော့ အခန်းထဲမှာ Seok Jin ကို ရှာပေမယ့်မတွေ့။
သူလဲ pajama တစ်ထည်ကိုအမြန်ကောက်စွတ်လိုက်ပြီး Seok Jin ရှာပုံတော် ဖွင့်ရမည်။

အခန်းထဲက ထွက်ဖို့ပဲရှိသေး ဝရံတာမှာ မြင်လိုက်ရတဲ့အရိပ်ကလေးကြောင့် ခြေလှမ်းတွေရပ်တန့်သွားသည်။

Wheelchair ပေါ်က ကိုယ်တော်ချောက ည (၇) နာရီလောက်ကြီး အေးစက်နေတဲ့ ပင်လယ်လေကို လေညှင်းခံနေလေရဲ့။
ဝတ်ထားတော့ pajama လေးတစ်ထည်သာ။

Jung Kook ကုတင်ပေါ်က စောင်လေးတစ်ထည်ကိုယူလိုက်ပြီး

"မအေးဘူးလားကွာ...အပြင်ထွက်ထိုင်နေတာ"

Seok Jin ရှေ့ ဒူးထောက်ထိုင်ချရင်း စောင်လေးအားခြုံပေးပြီး ပြောလိုက်တော့ Seok Jin မှာ ပြုံးပြသည်။

"လှလို့..တွေ့လား...ညဘက်ကမ်းခြေရဲ့အလှက အပေါ်ကကြယ်လေးတွေနဲ့အတူ ဘယ်လောက်တောင်လှလိုက်သလဲ...လှိုင်းသံလေးတွေကလဲ ဂီတသံလေးတွေ နားထောင်နေရသလိုပဲ...
Kookie....ကြယ်လေးတွေက တော်တော်လှတယ်နော်...ကြွေကျသွားမှာတောင် နှမြောလိုက်တာ",

ကောင်းကင်ကိုမော့ကြည့်ပြီး ပြောနေတဲ့ Seok Jin ပုံလေးဟာ ကလေးတစ်ယောက်လိုတစ်ခုခုကို ပျောက်ဆုံးမှာကြောက်ပြီး ပြောနေပုံလေးနဲ့ တစ်ပုံစံထဲပင်။

"ကိုယ့်အတွက်တော့ ကိုယ့်ရဲ့အရမ်းလှတဲ့ ကြယ်လေးတစ်ပွင့် မကြွေကျဖို့ပဲ အရေးကြီးတယ်.."

"ဟင်....ဘယ်မှာလဲ အရမ်းလှတဲ့ ကြယ်လေး... ငါလဲကြည့်မယ်လေ"

"ငါအရမ်းသဘောကျတဲ့ ကြယ်လေးပါ.."

"ငါ့ထက်တောင် သဘောကျတာလား... အဲ့ကြယ်လေးကို မနာလိုတောင်ဖြစ်လာပြီ...ဟွန်း"

"ဟား...ဟား...မနာလိုဖြစ်တယ်ပေါ့...
သိချင်လား ကိုယ့်ရဲ့ကြယ်လေးကို"

"ပြကြည့်လေ..မင်းသိပ်ကြိုက်တဲ့ ကြယ်လေးဆိုတော့ အရမ်းလှမှာပဲ"

"ဟုတ်တယ်...အရမ်းလှတယ်....မင်းပဲလေ... ကိုယ်သိပ်ချစ်တဲ့ ကြယ်လေးက"

"ဟား...ဟား...သိသားပဲ မင်းဒီလိုပြောတော့မယ် ဆိုတာ..ဒါမျိုးတွေရိုးနေပြီ...ငါလဲ ဇာတ်ကားတွေကြည့်၊ဝတ္ထုတွေဖတ်ပါတယ်"

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now