ချစ်ခွင့်မရှိ - 16

6.4K 567 101
                                    

Zawgyi

"Seokjinnie ပြီးပြီလား"

"အွန်း ပြီးပြီ"

Jung Kook ပြင်ဆင်ပြီးသွားလို့ မေးလိုက်တော့ Seok Jin မှာ ပျော်ရွှင်စွာ ပြန်ပြောသည်။
Seok Jin ရဲ့ အလှဆုံးအပြုံးကို မြင်ရရုံနဲ့တင် Jung Kook စိတ်ချမ်းသာရသည်။
ဒီနေ့မှာ သူတို့ အပြင်မှာ Date ဖို့ ပြင်ဆင်နေကြခြင်း

Seok Jin ကတော့ အပျော်လွန်နေလေသည်။
Jung Kook မှာတော့ အပြင်ပန်းက ပျော်နေသလိုဖြစ်နေပေမယ့် ရင်ထဲမှာတော့ Seok Jin မသိအောင် ငိုကြွေးနေ၏။
သူတို့ရဲ့ ပထမဆုံး Date ဖြစ်သလို နောက်ဆုံး Date လဲ ဖြစ်သည်ကို သူတစ်ယောက်ထဲသာ သိသည်။

အရင်နေ့တွေက company ကိစ္စနဲ့မအားသေးတာမို့ ခုမှ သူတို့ Date ဖို့ပင်။
ဒီနေ့ပြီးရင်တော့ သူတို့ပျော်ရွှင်မှုလေးတွေ အဆုံးသတ်တော့မည်။

ဒီနေ့တစ်ရက်တော့ မင်းနဲ့အတူကုန်ဆုံးချင်လို့ ဒါလေးတော့ အတ္တကြီးခွင့်ပြုပါ Seok Jin။

Jung Kook ကိုယ်တိုင်ရွေးထားတဲ့ couple shirt လေးဟာ နှစ်ယောက်လုံးရဲ့ကိုယ်ပေါ်မှာ လိုက်ဖက်စွာ တည်ရှိနေသည်။
Jung Kook က Jean အပြာအရှည်လေးနဲ့ တွဲဝတ်ထားပြီး Seok Jin က Jean အနက်အရှည်လေးနဲ့ တွဲဝတ်ထားသည်။
ပြီးမှ သူတို့ အပေါ် coat ဆင်တူလေးကို ထပ်ဝတ်လိုက်ကြ၏။

နှစ်ယောက်လုံး တစ်ယောက်လက်ချောင်းလေးတွေတစ်ယောက် ယှက်တွယ်ပြီး ခြံထဲက စထွက်လာကြသည်။
သူတို့ ဒီနေ့ကိုသာမန်လိုပဲ ဖြတ်သန်းကြမည်ဟု တွေးထားသည်။
ကားအကောင်းစားကြီးမစီးဘဲ Bus လေးသာ တိုးစီးကြမည်။
ကြိုက်တဲ့နေရာကို လမ်းလျှောက်ပြီး သွားကြမည်။
ဒါဟာ သူတို့ရဲ့ Date လေးပင်။

သူတို့ Bus ပေါ်မှာ ထိုင်စရာမရှိတော့ မတ်တပ်ရပ်ပြီးသာ တိုးကြိတ်ပြီး စီးနေရ၏။
အပေါ်ကလက်တန်းကို ကိုင်ထားတဲ့ Seok Jin လက်လေးပေါ်ကို Jung Kook ထပ်ကိုင်လိုက်တော့ ခေါင်းစောင်းကြည့်လာသော Seok Jin..။ လူတွေတိုးကြိတ်နေလို့ အာရုံမစိုက်နိုင်တာကို အခွင့်ကောင်းယူပြီး ဘေးစောင်းမြင်နေရသည့် ပါးဖောင်းဖောင်းလေးအား Jung Kook နှာခေါင်းနစ်ဝင်သည်အထိ အားရပါးရ နမ်းရှိုက်လိုက်သည်။

လက်တန်းကို လက်နှစ်ဖက်ကြားထဲ ထည့်ထားပြီး တစ်ယောက်လက် တစ်ယောက် တင်းနေအောင် ဆုပ်ကိုင်ထားကြသော ကောင်လေးနှစ်ယောက်။
ဘေးက FA လေးတွေကတော့ မျက်စောင်းလှလှလေးတွေထိုးလျက်။

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now