ချစ်ခွင့်မရှိ - 18

5.5K 498 53
                                    

Zawgyi

Jung Kook လမ်းမပေါ်မှာ အသိစိတ်မဲ့နေသူတစ်ယောက်လို တစ်နာရီလောက် ထိုင်ငိုပြီးမှ အိမ်ထဲပြန်ဝင်ဖို့ အသိစိတ်ကပ်လာသည်။

သူ အိမ်ထဲဝင်လိုက်တာနဲ့ မြင်လိုက်ရတာက ဧည့်ခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသော Yura...
အချိန်ကို ကြည့်လိုက်တော့ (၈)နာရီ ထိုးနေချေပြီ။
အလုပ်သမားတွေအကုန်မရှိတော့ပေမယ့် Yura တစ်ယောက်သာ ကျန်ရှိနေသည်။

"မင်း အခုထိ မပြန်သေးဘူးလား ဘာလုပ်နေတာလဲ Lee Yura...."

"ကျွန်....ကျွန်မ ခုပဲပြန်တော့မလို့ပါ အစ်ကိုလေး"

"ကောင်းပြီ မှောင်နေပြီမို့ မြန်မြန်ပြန်တော့"

"ဟုတ်ကဲ့ အစ်ကိုလေး"

Lee Yura လဲ Jung Kook ကို ပြောပြီး ပြန်ဖို့ ထွက်လာခဲ့သည်။
သူ့တာဝန်လဲ ပြီးသွားပြီမလား။
သူ့တာဝန်ဟာ Seok Jin တစ်ယောက်ထဲ အိမ်ပြင်ထွက်လာရင် မမလေး Anna ဆီ ဖုန်းဆက်ပေးဖို့ပင်။
ဖုန်းဆက်ပေးပြီး ပြန်မလို့လုပ်ပေမယ့် ခြံရှေ့မှာ သူ့အစ်ကိုလေး ထိုင်နေတာမို့ သူမပြန်ရဲခဲ့။

Jung Kook မှာတော့ ဧည့်ခန်းထဲက ဆိုဖာပေါ် စိတ်ပျက်လက်ပျက်နဲ့ ထိုင်ချလိုက်သည်။
ခုဆို အိမ်ကြီးဟာ ခြောက်ကပ်သွားပြီး သူတစ်ယောက်ထဲသာ အထီးကျန်စွာ ရှိတော့သည်။
အရင်တုန်းကလဲ သူတစ်ယောက်ထဲပေမယ့် Seok Jin ရောက်လာပြီးနောက်ပိုင်း သူ တစ်ယောက်ထဲမနေတတ်တော့ပေ။

Seok Jin ထွက်သွားတာတောင် ဘယ်လောက်မှမကြာသေး အရင်က Seok Jin ရယ်သံလေးတွေကို သတိရလာသည်။
သူ့ကို ချစ်ကြောင်း တဖွဖွပြောတဲ့ Seok Jin အသံလေးကို နားထဲကြားယောင်လာသည်။

Jung Kook သူ့နှုတ်ခမ်းကတော့ တောင်းပန်စကားတွေသာ ထွက်ကျလာပေမယ့် Seok Jin မကြားနိုင်တော့ပေ။

ငိုရတာများလွန်းလို့ Jung Kook မျက်လုံးတွေ မှေးဆင်းလာသည်။
ထိုဆိုဖာပေါ်မှာပဲ မျက်လုံးတွေ မှိတ်ကျသွားပြီး Seok Jin ပြန်အလာကို သူစောင့်နေလိုက်တော့သည်။

---------------

"ငါရှင်းလိုက်ရတော့မလား Anna...."

ခုံပေါ်မှာ ခြေရောလက်ရော ကြိုးတွေနဲ့တုပ်ထားပြီး သတိမေ့နေသော Seok Jin ကို မေးငေါ့ပြရင်း Lee Shin  ဆိုဖာပေါ်မှာ ခြေထောက်ချိတ်ထိုင်နေတဲ့ Anna အား လှမ်းမေးလိုက်သည်။

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now