ချစ်ခွင့်မရှိ - 13

6.6K 566 69
                                    

Zawgyi

"Park Jimin ဆိုတဲ့ လူကိုသိလား"

Tae Hyung စကားကြောင့် Nam Joon လန့်သွားခဲ့သည်

"Tae.....Tae Hyung ah....."

Tae Hyung ကို ကြည့်လိုက်တော့ မျက်နှာထားတင်းပြီး ဒေါသထွက်နေပုံရသည်။

"ကျွန်တော်ပေးတဲ့ စာအိတ်လေးကို အရင်ဖွင့်ကြည့်လိုက်ပါဦး"

Tae Hyung ပေးတဲ့ စာအိတ်လေးကို Nam Joon ဖွင့်ကြည့်လိုက်တော့ Seok Jin ရယ် Jung Kook ရယ် Jimin တို့ပုံတွေပင်။
စာရွက်တွေကြည့်ရင်လဲ Seok Jin အကြောင်းတွေ

Tae Hyung က Seok Jin အကြောင်း လိုက်စုံစမ်းနေတာလားဆိုပြီး Nam Joon တွေးမိသည်။

"Hyung ဘာလို့ ကျွန်တော့ကို ညာရတာလဲ
ကျွန်တော် Jin Hyung အကြောင်း စုံစမ်းတဲ့အချိန်မှာ Park Jimin ပါလာလို့ ကြည့်လိုက်တာ ဘာလို့ Mochi လေးနဲ့ တူနေရတာလဲ
ပြီးတော့ Hyung နဲ့ တစ်ကျောင်းထဲတွေချည်းပဲလေ Hyung မသိစရာအကြောင်းမရှိဘူး ကျွန်တော့ကို ပြောပါဦး"

"Tae Hyung ah.Hyung ပြောပြပါ့မယ်ကွာ
ဒီလိုပါ...Jimin နဲ့ Jung Kook က ချစ်သူတွေ
Jimin လေး Jung Kook ဆီရောက်သွားတော့ Hyung တော်တော်လေး ခံစားခဲ့ရတယ် Tae Hyung.. ဒါပေမယ့် Jimin ပျော်ရင်ပြီးရောဆိုပြီး Hyung အဝေးကနေပဲ ချစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပေမယ့် Seok Jin ကြောင့် Jimin ဒုက္ခရောက်ခဲ့တယ်။
သူတို့နားမှာနေရင် Jimin တစ်ခုမဟုတ်တစ်ခု ဒုက္ခရောက်နေမှာပဲ။
Hyung  Jimin ကို အဆုံးရှုံးမခံနိုင်ခဲ့ဘူး။
အဲ့ဒါကြောင့် Jimin ကို Hyung ခိုးပြီးသွားခေါ်လာခဲ့တယ်။
သေတော့မလိုဖြစ်နေပြီး ကိုမာဖြစ်နေတဲ့ Jimin ကို Hyung မရရအောင် ကယ်ခဲ့တယ် Tae Hyung"

"Jin Hyung က အဲ့လိုလူစားမျိုးမဟုတ်ဘူး
လူတစ်ယောက်လုံးကို သတ်ပစ်လောက်တဲ့အထိ မယုတ်မာဘူး
အဲ့ဒါကြောင့် Jimin ကိုသတ်တာ သူမဖြစ်နိုင်ဘူး"

"ဘာလို့မဖြစ်နိုင်ရမှာလဲ သူက Jeon Jung Kook ကိုချစ်နေတာလေအဲ့ဒါကြောင့် Jimin ကို သတ်ပစ်ဖို့လုပ်တာ ရှင်းနေတာပဲHyung လဲ အစက မယုံခဲ့ဘူး Tae Hyungဒါပေမယ့် သက်သေတွေက သူ့ကိုပဲညွှန်ပြနေတာလေကွာ !!"

Seok Jin ဘက်ကနေ လိုက်ပြီး ပြောပေးနေသော Tae Hyung ကို Nam Joon ပိတ်အော်လိုက်မိသည်။

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Onde histórias criam vida. Descubra agora