ချစ်ခွင့်မရှိ - 14

7.1K 597 149
                                    

Zawgyi

"ငါက သတိပြန်ရနေပြီဆိုရင်ရော..."

ဒီအသံဟာ သူတို့နှစ်ယောက်ဆီက မဟုတ်ဘဲ နောက်လှေကားနားကထွက်လာသော အသံကြောင့် Nam Joon တို့နောက်လှည့်ကြည့်လိုက်ကြသည်။

နှစ်ယောက်လုံးမှာ ထိတ်လန့်အံ့ဩလျက် Nam Joon မှာဘယ်လိုရှင်းပြလို့ရှင်းပြရမှန်းမသိတော့။

"Mochi လေး...."

"Nam Joon မင်းသိရဲ့သားနဲ့ ဘာလို့ငါ့ကို လိမ်ရတာလဲ"

"တောင်း..တောင်းပန်ပါတယ် Jimin ငါ...ငါက"

"ရပြီ တော်တော့ မပြောနဲ့တော့ဒါနဲ့..ခုနက ငါကြားလိုက်တာ Seok Jin က ငါ့ကိုသတ်ဖို့ ကြံစည်တယ် ဟုတ်လား"

"ဟုတ်တယ် Jimin မင်းကိုသတ်ရန်ကြံစည်မှုနဲ့ သူထောင် (၆)နှစ်ကျခဲ့တယ်"

Jimin မေးတာကို Tae Hyung ကဝင်ဖြေလိုက်တော့ Jimin မှာ Seok Jin အတွက် စိတ်မကောင်းဖြစ်သွားရရှာသည်။

"ဟာ...ဘာတွေလဲ ဘာလို့မဆိုင်တဲ့သူက ထောင်ကျရတာလဲ"

"Jimin မင်းသိတယ်မလား မင်းကို လုပ်ကြံတဲ့သူကို"

Tae Hyung မှာ အဖြေကို သိချင်လွန်းလို့ Jimin ကို မေးမိသည်

"သိတယ်..."

"ဘယ်သူလဲ Jimin..."

◇ Flashback start ◇

"အား....ပျင်းလိုက်တာ ဒီနေ့ Seok Jin နဲ့ Date ရင်ကောင်းမလား Jung Kook နဲ့တွဲပြီးထဲက သူနဲ့မတွေ့ဖြစ်တော့ဘူးပဲ"

Jimin တစ်ယောက် Jung Kook နဲ့မတွေ့ရတာကြောင့် အိမ်မှာတစ်ယောက်ထဲ ပျင်းနေသည်
သူ တကယ်လဲ Seok Jin နဲ့မတွေ့တာ ကြာနေပြီဖြစ်သည်
အမှန်တိုင်းပြောရရင် Jung Kook ထက်စာရင် သူ Seok Jin ကို ပိုခင်တွယ်မိသည်

သူ Seok Jin နဲ့လျှောက်သွားဖို့ ပြောလိုက်တော့ အင်း ဆိုတဲ့ message လေးရတာနဲ့ သူအဝတ်အစားထလဲလိုက်သည်

သူအဝတ်အစားလဲနေတုန်းရှိသေး တံခါး ဘဲလ်တီးသံကြားတာကြောင့်

"ဟင်....မြန်လှချည်လား ဒီကောင်..."

သူ့ဘာသူရေရွတ်ရင်း Jimin တံခါးသွားဖွင့်ပေးလိုက်တော့

"Yah.....မြန်......
ဟင် Lee Shin...."

Jimin သူထင်ထားတဲ့သူ မဟုတ်တာကြောင့် စကားတို့ဆွံ့အသွားခဲ့သည်
သူနဲ့ Lee Shin သည် အိမ်လာလည်ရလောက်တဲ့အထိ မရင်းနှီးပေ

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now