ချစ်ခွင့်မရှိ - 12

6.9K 567 82
                                    

Zawgyi

"တောက်....ငါ အဲ့ဒါတွေ မကြိုက်တာ"

Jung Kook ဆိုင်ထဲမှာ Toilet သွားနေတဲ့ Seok Jin ကိုတစ်ယောက်ထဲ စောင့်နေရင်း ကြာလို့ ဒေါသတွေနဲ့အတူ တစ်ယောက်ထဲ ရေရွတ်နေလေသည်။

"လိုက်သွားတာပဲ ကောင်းပါတယ် Kim Seok Jin ငါနဲ့တွေ့ဦးမယ် အလျှော့ပေးထားလို့ ဒင်းက ရောင့်တက်နေတာ"

Jung Kook လိုက်သွားဖို့ ထတဲ့အချိန်မှာ သူ့ဆီပြေးလာသော သန့်ရှင်းရေးဝန်ထမ်းကောင်လေးတစ်ယောက်

"C..CEO ပြ..ပြဿနာတော့တက်နေပြီ...ဟို...ဟိုလေ"

ထိုကောင်လေးမှာ ပြေးလာပြီး မောမောနဲ့ စကားဆက်ပြောဖို့ ချိတုံချတုံဖြစ်နေတာကြောင့် ခုနကစိတ်ပါ ရောပြီး ဒေါသကထွက်သွားရပြန်သည်။

"ဘာဖြစ်နေတာလဲ ငါ့ကို မြန်မြန်ပြောစမ်းပါ !! အချိန်မရှိဘူး သွားစရာရှိတယ်"

သူ အော်ငေါက်လိုက်တော့မှ

"ဟို..Toilet တံခါးကလေ လော့ကျနေလို့ ဖွင့်လို့မရဘူးဖြစ်နေတာ လုံခြုံရေးဆီမှာတော့ သော့တောင်းထားပါတယ်...အဲ့ဒါ
CEO လဲရှိနေတော့ CEO သိအောင် လာပြောပြတာပါ တော်ကြာ တံခါးမကောင်းလို့ဆိုပြီး customer က ပြဿနာရှာမှာစိုးလို့ပါ"

"ဘာ...."

Toilet ဆိုတော့ Seok Jin ပိတ်မိနေတာလား။

Jung Kook လေလိုအလျင်နဲ့ ပြေးသွားခဲ့သည်။
လမ်းမှာတိုက်မိတဲ့လူတွေကိုတောင် သူဂရုမစိုက်အား

သူ Toilet ရှေ့ရောက်တော့ စုပြုံနေသော လူတစ်စု
ဘာဖြစ်နေကြတာလဲ လို့မေးဖို့ပဲရှိသေး
အထဲက Seok Jin ရဲ့ ငြင်းဆိုနေတဲ့အသံနဲ့ ရှိုက်ငိုသံတွေကိုကြားလိုက်ရတော့ လူက ခေါင်းနပန်းကြီးသွားရသည်။
သူထင်ခဲ့တာ ရိုးရိုးတံခါးမကောင်းတာလို့ ထင်ခဲ့တာလေ
ခုတော့

သူ သော့ကို စောင့်နေသေးပေမယ့် ကြာနေတာမို့လို့ ခြေထောက်နဲ့ပိတ်ကန်လိုက်တာကြောင့် တံခါးလက်ကိုင်ဘုကျိုးသွားပြီး သော့ပါပွင့်သွားသည်။

"Yah...Kim...."

Jung Kook အထဲအမြန်ဝင်ပြီး ပြောလိုက်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ပြောလက်စ စကားတွေက ဘယ်ရောက်သွားမှန်းမသိဘဲ ပေါက်ကွဲချင်လာတဲ့ ဒေါသတွေကို မနဲထိန်းလိုက်ရ၏။

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now