ချစ်ခွင့်မရှိ - 7

6.1K 546 79
                                    

Zawgyi

"မလုပ်ပါနဲ့ ငါတောင်းပန်ပါတယ် ငါ့ကို မသတ်ပါနဲ့"

Nam Joon တစ်ယောက် Jimin အိပ်ပြီလားဆိုတာ လာကြည့်ရင်း ကြားလိုက်ရတဲ့အသံကြောင့် လူကထိတ်ထိတ်ပြာပြာဖြစ်သွားရသည်။

သူ ကုတင်ပေါ်ပြေးတက်သွားပြီး Jimin ပါးကို ဖွဖွလေးကိုင်ကာ လှုပ်ရမ်းရင်း

"Jimin ah....သတိထားဦးလေ"

မျက်လုံးလေးမဖွင့်ဘဲ ချွေးစေးတွေထွက်နေပြီး ပါးစပ်ကနေ တစ်ခုခုကို ရွတ်နေပြီး တောင်းပန်နေပုံရသော Jimin ပုံစံမှာ တစ်စုံတစ်ခုကို လွန်စွာကြောက်လန့်နေပုံ။

Nam Joon အိပ်နေရင်းယောင်နေသော Jimin အားပွေ့လိုက်ပြီး သူ့ပေါင်ပေါ်တင်လိုက်တာတောင် မနိုးပဲ ပါးစပ်ကနေသာ တစ်ခုခုကို အဆက်မပြတ်ရွတ်နေသည်။

"ငါ့ကို မသတ်ပါနဲ့..."

Nam Joon တင်းနေအောင် ဖက်လိုက်တော့ Jimin အသံလေးငြိမ်ကျသွားပြီး ပြန်အိပ်ပျော်သွားသည်။

"ဘယ်လိုအိပ်မက်ဆိုးတွေကများ မင်းကိုခြောက်လှန့်စေတာလဲကွာ....
ကိုယ်ရှိတယ်နော်"

သူတင်းတင်းဖက်ပြီး Jimin ကျောလေးကို လက်လေးနဲ့ ပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။

Jimin သူ့ရင်ခွင်ထဲမှာ ပြန်အိပ်ပျော်သွားမှ အိပ်ရာပေါ်ပြန်ချပေးလိုက်ပြီး တဘက်လေးတစ်ထည်ယူကာမျက်နှာဖွေးဖွေးလေးထက် နေရာယူထားသော ချွေးစေးတွေကို ဖွဖွလေးသုတ်ပေး၏။
သုတ်ပြီးသွားတော့ ချွေးစေးတွေနဲ့ စိုရွှဲနေတဲ့ အင်္ကျီကြောင့် သူအင်္ကျီတစ်ထည်ယူလိုက်ပြီး Jimin မနိုးအောင် လဲပေးလိုက်သည်။
Jimin မှာ မနိုးပေမယ့်လဲ ပါးစပ်ကနေ အင်းအင်းအဲအဲနဲ့ နာမည်လေးတစ်ခုကိုသာရွတ်ပြီး တောင်းပန်နေဟန်ပင်။

လဲပေးပြီးသွားမှ သူပါ Jimin ဘေးနားဝင်လှဲလိုက်ပြီး Jimin နဖူးလေးကို တစ်ချက်ဖွဖွလေးနမ်းကာ ရင်ခွင်ထဲထည့်ရင်း သူလဲ အိပ်စက်ခြင်းဆီသို့....

Nam Joon သာ Jimin မပီတပီပြောနေတဲ့စကားလေးကို သေချာနားထောင်လိုက်မယ်ဆိုရင်

"တောင်းပန်ပါတယ် ငါ့ကို မသတ်ပါနဲ့ Lee Shin"

---------------------------

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now