ချစ်ခွင့်မရှိ - 6

5.9K 534 58
                                    

Zawgyi

Seok Jin တနေကုန် Jung Kook အိမ်ကအလုပ်သမားတွေခိုင်းသမျှ အကုန်လုပ်ပေးပြီး ခနနားနေတုန်း အတိတ်ဆီသို့ အတွေးများလွင့်မျောနေလေ၏။

သူ အတွေးတွေလွင့်မျောနေတုန်း ခြံထဲက ကားသံကြားလို့ သူကြည့်လိုက်တော့ Jung Kook ပြန်ရောက်လာသည်၊
အချိန်ကြည့်လိုက်တော့ ညနေ (၆) နာရီ
သူတော်တော် အတွေးလွန်သွားတာပဲ။

သူအိမ်တံခါးပေါက်လေးကနေ စတိုင်ကျကျလျှောက်လာကာ ပါးစောင်ကိုလျှာနဲ့ထိုးပြီး မကျေနပ်အကြည့်နဲ့ကြည့်နေသော Jung Kook အား မော်မကြည့်ရဲဘဲ ခေါင်းလေးကို အောက်ကိုသာ ငုံ့ထားလိုက်သည်။

Jung Kook ပြန်လာတာနဲ့ အိမ်ဝမှာ အလုပ်သမားတွေအကုန်လုံး မတ်တပ်ရပ်ပြီး ကြိုရစမြဲ။

သူ Jung Kook ကိုအရင်က အရမ်းချစ်ခဲ့ပေမယ့် ခုတော့ မော်မကြည့်ရဲလောက်အောင် အရမ်းကြောက်နေရသည်။

"ဘာကြောင်ကြည့်နေတာလဲ ဖိနပ်ချွတ်လေ"

Jung Kook ပြောပြီး သူ့ခြေထောက်ကို ရှေ့ထိုးပေးလိုက်တော့ Yura က ဖိနပ်သွားချွတ်ပေးသည် ။
Jung Kook ခြေထောက်ကို ချက်ချင်းအနောက်ကို ပြန်ရုတ်သွားပြီး

"မင်းကိုပြောတာ မဟုတ်ဘူး နောက်က ဟိုထောင်ထွက်ကို ပြောတာ"

Seok Jin လဲသူ့ကိုပြောတာ သိတော့ ချက်ချင်းပင် သူ့ရှေ့ထိုင်ချလိုက်ပြီး မရဲတရဲလေးနဲ့ ဖိနပ်ချွတ်ပေးလိုက်၏။

ချွတ်ပြီးတာနဲ့ သူ့ကိုပိတ်ကန်ပြီး ထွက်သွားသော Jung Kook..
ပြောသွားသေးတာက

"ဖိနပ်တစ်ခါချွတ်တာ ချိတုံချတုံနဲ့"

အပေါ်တက်သွားသော Jung Kook ကို မျက်ရည်လေးတွေဝဲကာ မြင်ကွင်းထဲကပျောက်သည်ထိလိုက်ကြည့်နေမိသည်။
သူကြည့်နေတုန်း

"ဟဲ့ ဘာထိုင်လုပ်နေတာလဲ ညစာပြင်ဖို့သွားလုပ်တော့လေ"

အလုပ်သမားအချင်းချင်းတောင် လာအော်ငေါက်နေသော သူတို့ကို Seok Jin မုန်းမိ၏၊
ဒါပေမယ့်လည်း သူ့မှာ မုန်းပိုင်ခွင့် ပြောပိုင်ခွင့်မရှိ။

Seok Jin ညစာပြင်ပြီးတော့ Yura က Jung Kook ကိုသွားခေါ်လိုက်သည်။

Jung Kook ထမင်းစားခန်းထဲရောက်တာနဲ့

𝑵𝒐𝒕 𝑨𝒍𝒍𝒐𝒘𝒆𝒅 𝑻𝒐 𝑳𝒐𝒗𝒆   [𝑪𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅]Where stories live. Discover now