[DSH] Prologue🦋😈

7.8K 277 46
                                    

#Zawgyi

FATED: Devil's scarlet heart 😈 [Zhanyi/fantasy]

FATED: Devil's scarlet heart 😈 [Zhanyi/fantasy]

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

>>Character မိတ်ဆက်<<

Xiao Zhan- Gong (seme)

အသက် - နှစ်တစ်ထောင်ကျော် (နတ်ဆိုးတစ်ပါး)
အရပ် - 183cm
ကိုင်ဆောင်သည့်ဓားအမည် - "လန်ဖေး"
(ဓားကိုယ်ထည်‌တွင် သွေးနီရောင်လွှမ်း‌နေသောဓားရှည်)
အလုပ်အကိုင် - ပရလောကသား‌တွေ ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ နတ်ဆိုးတစ်ပါး၊ အစွဲကြီးဝိဉာဉ်တွေကို ဖြေသိမ့်သူ၊ ဝိဉာဉ်လောကကို အစိုးရသူ
အမည်နာမများ - စစ်သူကြီး မူဖေးရန်» XiaoZhan» (ဝိဉာဉ်လောကတွင်) Devil Sean 😈❤️

[Xiao Zhan's character အကျဉ်းချုပ်/
လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ခန့်က "မူ"လို့ခေါ်တဲ့တိုင်းပြည်မှာ စစ်ပွဲပေါင်း ကိုးဆယ့်ကိုးခုကို အနိုင်တိုက်ခဲ့ပြီး တိုင်းပြည်အတွက်အမြဲဂု‌ဏ်ယူဖွယ်ရာလုပ်ဆောင်ပေးသူ ။ စစ်သူကြီး ⟨မူ ဖေးရန်⟩ လို့အမည်တွင်ခဲ့တဲ့သူ။
သို့ပေမယ့် နောက်ဆုံးစစ်ပွဲဖြစ်သည့် တစ်ရာကြိမ်မြောက် စစ်ပွဲမှာ ‌ခါတိုင်းလို တစ်ဖက်တိုင်းပြည်ကိုအနိုင်တိုက်ပြီး အောင်ပန်းဆင်နိုင်ခဲ့ပေမယ့်......................
အနှီစစ်ပွဲမှာ အပြစ်မဲ့ပြည်သူ‌ ပေါင်းများစွာတွေရဲ့ အသက်အိုးအိမ်ကိုပါ "လန်ဖေး" ဓားမှာစွန်းထင်းစေခဲ့ပြီ။ ဤအတွက်ကြောင့် ကောင်းကင်ဘုံက သူ့ကို စီရင်ခဲ့သည်ကား..... __အပြစ်ဒဏ်အတွက် ဘယ်တော့မှမသေဆုံးတဲ့ မိစ္ဆာနတ်ဆိုးခန္ဓာ ကိုပိုင်ဆိုင်ခဲ့၏။ မှတ်ဉာဏ်များချေမှုန်းခံရကာ တစ်ခါကထင်ရှားကျော်စောခဲ့သည့် စစ်သူကြီး "မူဖေးရန်" မှသည် "ရှောင်းကျန့်" ဟု သမုတ်စေ၏။
ပရလောကသားမည်သူမဆို ကြောက်လန့်ရသော နတ်ဆိုးတစ်ပါးဖြစ်ခဲ့လေပြီ..။
ချစ်ခြင်းဟူသည်မရှိ ။ အေးစက်သောနှလုံးသားသာလျှင်ပိုင်ဆိုင်၏။ "လန်ဖေး" ဓား၀ယ် သူ၏ စီးဆင်းနေသော အချိန်တွေအား ချိပ်ပိတ်စေခဲ့၏။ ယခုအချိန်မှာ အေးစက်စက်နှလုံးသား သာလျှင်ရှိတဲ့ သူ ကား တစ်ချိန်က နွေးထွေးခဲ့သလော?..။
အေးစက်အေးခဲနေတဲ့ နှလုံးသားတစ်ရံကို မည်သို့သောသူမျိုးက ပူနွေး အရည်ပျော်အောင်လုပ်နိုင်မည်နည်း? သူ၏အဆုံးသတ်ကား မည်သို့ဖြစ်မည်နည်း။]

🦋🅵︎🅰︎🆃︎🅴︎🅳︎ ᗪ乇ᐯIᒪ'S Scarlet H E A R T😈(Hesitate)Where stories live. Discover now