စာစဉ် ၂ ( ၁၃ - ၂၄ )
9.3K 915 40
အခန်း ၁၃ : မင်းဆန္ဒကိုဖြည့်ဆည်းပေးမယ် (3)
ချင်းကျီအိုက်အနေနဲ့ အိမ်အကူအဒေါ်ကြီးပြောသည့် အကြောင်းတွေကို သိနှင့်ပြီးသားပင် ။
သို့သော် ထိုသည်ကလည်း သူ့အမှားမဟုတ်ပါချေ ၊
အဖိုးသည် သူမ ပြောကတည်းက မယုံခဲ့လို့သာ ။
သူမ‌ ပြောတာကိုသာယုံရင် အိမ်အကူကိုသွားမေးမည် မဟုတ်သလို တကယ်လို့ သူသာ အမှန်ကိုမဖြေဘူးဆိုရင်လည်း ဂူယူရှန်းကို တိုက်ရိုက်သွားမေးမှာ အသေအချာ ။
ဘယ်လိုပဲဖြစ်ဖြစ် သိသွားမှာက သိသွားမှာပင်.....
“အကုန်လုံး ပြီးသွားတဲ့ကိစ္စတွေ ဖြစ်သွားပြီ ။ ပြောမနေပါနဲ့‌တော့ ။ နောက်ကျနေပြီ သွားနားလိုက်ပါ”
“ဒါဆို ...မိန်းကလေးလည်း နားပါတော့...... တကယ်တောင်းပန်ပါတယ်”
ချင်းကျီအိုက် ဘာမှ ပြန်မပြောဖြစ်တော့ ။
ခဏအကြာမှ ခြေသံကြားလိုက်တာကြောင့် အိမ်အကူထွက်သွားတာကို သိလိုက်ရ၏ ။
တိတ်ဆိတ်ခြင်းအတိ ဖြစ်နေသော အိမ်ကြီးထဲ ချင်းကျီအိုက် အိပ်မပျော်နိုင်ခဲ့ ။ ခေါင်းအုံးကို လက်ထဲပိုက်ကာ ထိုင်နေရင်း ဘာရယ်မဟုတ်ဘဲ နေရာတစ်ခုကို စိုက်ကြည့်နေမိသည် ။ ထိုနောက်မှ အိပ်ယာက ထလိုက်ရင်း ရေချိုးခန်းကို ဦးတည်လိုက်တော့သည်..
ခြေလှမ်းတိုင်းက ရွေ့လျားဖို့ ခက်နေသောကြောင့် ‌ရေချိုးခန်းမ‌‌ရောက်ခင်မှာပင် သူမမှာ သေလုနီးနီး ။
လွန်ခဲ့သည့်အချိန်ပိုင်းက ထည့်ထားခဲ့သည့် ရေနွေးတွေကို ဂူယူရှန်းက သုံးမသွားတာကြောင့် ရေချိုးခန်းထဲဝင်လိုက်တာနဲ့ ရေနွေးငွေ့တို့ကခပ်နွေးနွေး ။ ကိုယ့်ကိုယ်ကို ရေမိုးချိုး သန့်စင်လိုက်မုပင် နာကျင်မှုတွေနဲ့ ပင်ပန်းရမှုတို့က သက်သာသွားသယောင် ။
ရေနွေးတို့ အေးသွားသည်အထိ ၀င်စိမ်နေပြီးမှ ရေချိုးခန်းထဲကနေ သူမ ထွက်လာလိုက်တော့သည် ။ ဆံပင်တို့ကို ခြောက်အောင် သုတ်လိုက်ပြီး သဘက်ကို ကိုယ်မှာပတ်ကာ လေမူတ်စက်ကို ယူကာ မှန်ရှေ့ထိုင်လိုက်သည် ။ မှန်ထဲမှာ မြင်နေရသည့် သူမပုံရိပ်ကို ကြည့်ရင်း ဂူယူရှန်း အခန်းထဲက ထွက်မသွားခင် ပြောသွားသည့် စကားကို ပြန်စဉ်းစားမိသည် ....