♡ Part-3 ♡

7.5K 688 38
                                    

{{Unicode}}

စခန်းထဲမှ ထွက်လာပြီး အပြင်ရောက်တော့
ရိပေါ်က ကားတံခါးဆွဲဖွင့်၍ ကားပေါ်တက်ကာစက်နှိုးပြီး မောင်းရန်ပြင်နေစဥ်
ဖန်ရှင်းနဲ့ပိုင်ရှင်းက ကားပေါ်လုံးဝမတက်သေး၊ကားဘေးနားမှာသာ တောင့်တောင့်ကြီး
ရပ်နေပေသည်။

"ဟေ့ကောင်တွေ...ဘာရပ်ကြည့်နေတာလဲ..လာလေ၊ကားပေါ်တက်။ငါတို့ မြင်းခြံသွားကြမယ်။"

ရိပေါ် ပြောတော့ ဖန်ရှင်းနဲ့ပိုင်ရှင်း
နှစ်ယောက်လုံးက မျက်နှာပျက်ကာ ရိပေါ်ကားကိုစီးရန် ကြောက်နေကြတာမို့ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် တယောက်မျက်နှာတယောက်ကြည့်လို့ အရိပ်အမြွက်ပြကာ မင်းအရင်တက် ငါအရင်တက်ဖြင့် လုပ်နေကြလေတယ်။

"ဘာလဲ၊မင်းတို့က ငါ့ကားကိုမစီးရဲတော့တာလား?"

ထိုသို့​မေးတော့ နှစ်ယောက်လုံးအပြိုင်
ရိပေါ်ကို ခေါင်းညိတ်ပြကြတယ်။

"ဒီတစ်ခါတော့ မြန်မြန်မမောင်းတော့ပါဘူးကွာ။လာပါ။ဖြေးဖြေးပဲ မောင်းမှာ။
တက်တော့...ငါဗိုက်ဆာနေပြီ ဆိုင်တစ်ဆိုင်ကိုဝင်ပြီး တခုခုစားပြီးမှ မြင်းခြံကိုသွားကြတာပေါ့"

"​အဆိုလည်းပြီးရော။ဖြေးဖြေးပဲမောင်းနော်။
ငါတို့ မသေချင်သေးဘူး" ဟုဆိုကာ
ဖန်ရှင်းက ပြောလိုက်လေသည်။

"အေးပါကွာ...လာပါ။သွားကြရအောင်"

ထိုမှသာ နှစ်ယောက်လုံး ကားပေါ်တက်ပြီး
belt seatတပ်ကာ ကားခုံကို အသေအချာကိုင်ထားကြတော့သည်။

ဝမ်ရိပေါ်ကိုကြောက်ရတယ်။ဒီကောင်က
အပြောနဲ့အလုပ်နဲ့ ညီချင်မှညီတာ။
အဲ့တော့ သူ့စကားကိုသိပ်ယုံလို့မရဘူး။
မဟုတ်ရင် သူ့စကားယုံပြီး အမြန်မောင်းချကာမှ သုံးယောက်လုံး သုံးချိုင်းကင်းရောက်နေမှ လူ့စည်းစိမ်မခံစားရဘဲနေဦးမယ်။

ကိုယ်တွေက နတ်စည်းစိမ်တော့ခံစားရမှာ မဟုတ်ဘူး။ဘာလို့ဆို ကောင်းမှုကုလိုလ်
လုပ်တာက ခက်ရှားရှားရယ်။
ဒါ့ကြောင့် ဒင်းကို အမြန်မမောင်းဖို့ ဖန်ရှင်း
ပြောနေရလေတာ။

"ဖန်ရှင်း မင်းရဲ့မာမီဖွင့်ထားတဲ့ Hotpotဆိုင်ကိုသွားလိုက်မယ်နော်။တခြားဆိုင်မှာစားတာထက်စာရင် မင်းဆိုင်ကမှပိုကောင်းပိုအရသာရှိတာ။အဲ့တော့ ငါတို့ မင်းဆိုင်ကိုပဲGoကြမယ်"

My Husband Is Good To Hate ♡Where stories live. Discover now