{{Unicode}}
“ကိုယ်တို့ တကယ့်လင်မယားလိုနေကြရအောင်...”တဲ့ ။
ရှောင်းကျန့်စကားဆုံးတဲ့အခါ ရိပေါ်
မျက်ခုံးတွန့်ချိုးစွာပင် အလိုမကျတဲ့အကြည့်တွေဖြင့် ရှောင်းကျန့်အားကြည့်လိုက်သည်။
ထိုစကားကိုပြောလာတဲ့ ရှောင်းကျန့်မျက်နှာက ခပ်တည်တည်ပါပဲ...
သူ့မျက်ဝန်းတွေကိုလည်း ရှောင်းကျန့်က အသေချာစိုက်ကြည့်လို့နေတယ်။
မထင်မှတ်ဘဲပြောလာတော့ ရိပေါ်
ရင်ခုန်သွားမိတာအမှန်ပင်...
ဒါပေမဲ့လည်း ရှောင်းကျန့်နဲ့ သူဝေးဝေးနေရမည် မဟုတ်လား ။
သူ့ကိုရင်ခုန်အောင်လုပ်နေတဲ့ရှောင်းကျန့်က
အချိန်တန်ရင် သူ့နားကထွက်ခွာသွားမှာမို့...ကျန်ရစ်ခဲ့ရမဲ့ ရိပေါ်ကပဲ နာကျင်ခံစားရလိမ့်မှာ ။
အကယ်၍ ရှောင်းကျန့်မှာသာ ချစ်သူမရှိဘူးဆိုလျှင် ရိပေါ်သေချာပေါက် ခေါင်းညိတ်လက်ခံမိမှာပါပဲ။
သို့ပေမဲ့ ရှောင်းကျန့်မှာ ပိုင်ရှင်ရှိနေတာမို့
ရိပေါ် ငြင်းရလိမ့်မည်ဖြစ်သည်။
“သူငယ်ချင်းအဆင့်တောင် ကျွန်တော်က
ကျန့်ကောကို ကျေကျေနပ်နပ်နဲ့လက်ခံထားတာမဟုတ်ဘူးနော်၊ပြီးတော့ ကျန့်ကောရဲ့ ချစ်သူကိုလည်းအားနာသင့်တယ်၊ဒါ့ကြောင့်
ဒီစကားမျိုးမပြောပါနဲ့...ကျွန်တော်စိတ်ဆိုးမိလိမ့်မယ်”
ရိပေါ် ထိုသို့ပြောတော့ ရှောင်းကျန့်က
အေးစက်စွာပင် ပြန်ပြောလာလေတယ်။
“ကိုယ်က စ,တာပါ ရိပေါ်ရဲ့...ကိုယ့်ချစ်သူအပေါ် သစ္စာမဖောက်ရက်ပါဘူး...”
ဒီလိုပြောလိုက်တာကလည်း ရှောင်းကျန့်..
ဝမ်ရိပေါ် သူ့အပေါ်ထားတဲ့စိတ်ခံစားချက်ကို
သိချင်လို့ စမ်းသပ်ကြည့်လိုက်တာပင်။
“ဒါဆို ဟိုနေ့က ဘာလို့လဲ...ချစ်သူကို
သစ္စာမဖောက်ရက်ပါဘူးဆိုပြီး ဘာလို့
ကျွန်တော့်ကိုအတင်းနမ်းရတာလဲ...!!!”
ရိပေါ်ရဲ့စကားသံတွေမှာ ဒေါသသံအနည်းငယ်ကပ်ပါလာလေတယ်။
သူပြောလာမဲ့စကားကိုလည်း ရိပေါ်က
အာရုံစိုက်ကာ နားထောင်ရန်အဆင်သင့်
ဖြစ်နေပုံရတယ်။
YOU ARE READING
My Husband Is Good To Hate ♡
Fanfiction#Both(Unicode+Zawgyi) >>Zhanyi ♡ Start Date ~ 23.8.2020 End Date ~ 23.12.2020
