♡ Part-4 ♡

6.7K 671 70
                                    

{{Unicode}}

ရှောင်းကျန့် မြင်းဇောင်းထဲမှထွက်သွားပြီး
ခဏအကြာ ဖန်ရှင်းနဲ့ပိုင်ရှင်းတို့ နှစ်ယောက်
မြင်းပတ်စီးပြီး၍ မြင်းခြံသို့ ပြန်ရောက်လာခဲ့ကြလေသည်။

မြင်းခြံရောက်တာနဲ့ နှစ်ယောက်လုံး
မြင်းများအား မြင်းဇောင်းထဲပြန်သွင်း၍ မြင်းစီးလေ့ကျင့်ရေးကွင်းထဲရှိသစ်ပင်တစ်ပင်ရိပ်အောက်တွင် ထိုင်နေတဲ့ ရိပေါ်ဆီ
သွားလိုက်ကြလေတယ်။

"ဟေ့ကောင်...ရိပေါ် မင်းဘာတွေကြည့်နေတာလဲ"

"မင်းတို့မြင်တဲ့ အတိုင်းပဲလေ"
ဖန်ရှင်းကမေးတော့ ရိပေါ် ကမေးငေါ့ပြကာ
ပြန်ဖြေလာလေသည်။

"အော်...ရှောင်းကျန့်ကောကို ကြည့်နေတာလား"

"မကြည့်ပါဘူး။သူက ငါ့ရှေ့မှာလာပြီး သေနတ်ပစ်ပြနေတော့ ငါသူ့ကိုကြည့်တယ်ဖြစ်သွားတာပေါ့"

အမလေး...တတ်လည်းတတ်နိုင်ပါပေတယ်
ရိပေါ်ရယ်။ရှောင်းကျန့်ကောကို ကြည့်ရင်
ကြည့်တယ်လို့ပြောလိုက်တော့ ဘာဖြစ်သွားမှာမိုလို့လဲ။သူ ကောကို ကြည့်နေတာများ အသိသာကြီးကို လာပြီး ဗြောင်ငြင်း
နေသေးတယ်။

"အေးပါ..အေးပါ။မင်းပြောသလိုပဲပေါ့"

ဖန်ရှင်းက နှုတ်ခမ်းတဖက်ရွဲ့ပြကာ
ခေါင်းတခါခါဖြင့် ပြန်ပြောတော့ရိပေါ်ဆီမှ
အကြည့်စူးစူးတချက်ကို လက်ခံရရှိလ်ိုက်
လေတယ်။

သုံးယောက်သား သစ်ပင်အောက်မှာ ထိုင်ရင်း
လေ့ကျင့်ရေးကွင်းထဲမှ ရှောင်းကျန့်ပြုမူသမျှကို လိုက်ကြည့်ကာ စကားလက်ဆုံကျလို့
နေတယ်။

ကွင်းပြင်ထဲရှိ ရှောင်းကျန့်က မနိမ့်မမြင့်
သစ်က်ိုင်းများတွင် ပလတ်စတစ်ကြိုးလေးများဖြင့်ချည်နှောင်ထားတဲ့ အချိုရည်သံဗူးခွံ၊
ရေသန့်ဘူးခွံအသေးလေးများ စသည်
တို့ကို ခပ်လှမ်းလှမ်း အကွာအဝေးမှနေ၍
ကျည်ကော်ဆံသေနတ်ရှည် တစ်လက်ဖြင့် ရှောင်းကျန့် မျက်လုံးတဖက်ကိုမှိတ်ကာ ပစ်မှတ်ကိုထိအောင် သေချာချိန်ပြီး
ပစ်လိုက်တယ်။

ကွင်းပြင်ထဲရှိ ရှောင်းကျန့်က မနိမ့်မမြင့်သစ်က်ိုင်းများတွင် ပလတ်စတစ်ကြိုးလေးများဖြင့်ချည်နှောင်ထားတဲ့ အချိုရည်သံဗူးခွံ၊ရေသန့်ဘူးခွံအသေးလေးများ စသည်တို့ကို ခပ်လှမ်းလှမ်း အကွာအဝေးမှနေ၍ ကျည်ကော်ဆံသေနတ်ရှည် တစ်လက်ဖြင့် ရှောင်းကျန့် မျက်လုံးတဖက်ကိုမှိတ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
My Husband Is Good To Hate ♡Where stories live. Discover now