♡ Part-7 ♡

6.4K 659 33
                                        

{{Unicode}}

ဝမ်အိမ်တော်သို့ရောက်တော့ ရှောင်းကျန့်
ကားကိုခြံဝန်းထဲ၌ပင်ရပ်ထားလိုက်သည်။

ပြီးတာနဲ့ကားပေါ်ကဆင်းပြီး ကြီးမား
ကျယ်ပြန့်လှတဲ့ နန်းတော်သဖွယ်ထင်ရသည့်အိမ်တော်ကြီးထဲခြေချကာ ဟိုဘက်ဒီဘက်လှမ်းကြည့်လေတော့ ဝမ်ကျောင်းရန်က
ဧည့်ခန်းမှာထိုင်နေလေသည်။

ထိုအခါ ရှောင်းကျန့်လည်း ဝမ်ကျောင်းရန်ဆီသွားလိိုက်ပြီး သူနဲ့မျက်နှာချင်းဆိုင်တွင်
ဝင်ထိုင်လိုက်တော့ ဝမ်ကျောင်းရန်က
သူ့အားပြုံးပြလို့လာသည်။

ထိုအပြုံးကား အောင်နိုင်သူတစ်ယောက်ရဲ့အပြုံးလိုမျိုး။သို့ပေမဲ့ဖြူစင်ရိုးသားတဲ့အပြုံးမဟုတ်တာတော့အမှန်ပင်။

ထို့နောက်ဝမ်ကျောင်းရန်က ရှောင်းကျန့်အားကြည့်ကာပြောလာသောစကားက
"ငါ့သမက်လောင်းလေးကို ဝမ်အိမ်တော်မှ
နွေးထွေးစွာကြိုဆိုပါတယ်"တဲ့လေ။

ထိုစကားကြောင့် ရှောင်းကျန့် ဝမ်ကျောင်းရန်ကိုစိတ်ပျက်စွာကြည့်ပြီး တုံ့ပြန်စကားဆိုလိုက်တယ်။

"ဒါနဲ့ဦးဝမ်ကျောင်းရန် ကျွန်တော့်ကို
အိမ်ခေါ်လိုက်ရတဲ့အကြောင်းရင်းက..။"

"ငါ့ဘက်ကကမ်းလှမ်းချက်ကို မင်းလက်ခံ
နိုင်လား၊မခံနိုင်ဘူးလားဆိုတာကိုသိချင်လို့
ခေါ်မေးတာ..။"

"လက်မခံနိုင်ဘူးဆိုရင်ရော။"

ရှောင်းကျန့်က မျက်ခုံးတစ်ဖက်ပင့်ပြလို့
ခပ်တည်တည်ဖြင့် ပြောလိုက်တော့
ဝမ်ကျောင်းရန်ကတချက်ပြုံးရီကာ
ပြန်စကားဆိုလာတယ်။

"ဒါဆိုလည်း၃ရက်အတွင်း ငါ့အကြွေးတွေပြန်ဆပ်လေ။မဆပ်နိုင်ရင်တော့ တရားရုံးမှာဖြေရှင်းကြတာပေါ့..အဟက်။"

"ခင်ဗျားအကျပ်ကိုင်နေတာပဲ။ဘာလို့ ခင်ဗျားသားကိုကျွန်တော်နဲ့အတင်းပေးစားနေရတာလဲ။နောက်ပြီး ကျွန်တော့်မှာရည်ရွယ်ထားတဲ့သူရှိတယ်ဆိုတာ ခင်ဗျားသိနေတာပဲမဟုတ်လား။"

"ရှင်းရှင်းလေးပါ။ငါအခုလိုလုပ်တာ မင်းတို့ရဲ့ကြီးမြတ်တဲ့ ရှောင်းမျိုးရိုးထဲဝင်ချင်လို့။"

My Husband Is Good To Hate ♡Where stories live. Discover now