♡ Part-27 ♡

5.7K 603 51
                                    

{{Unicode}}

"လမ်းလျှောက်နိုင်ရဲ့လား...ရိပေါ် ??"

"အင်း...နည်းနည်းတွဲကူပေးဦး"

ဝမ်ရိပေါ် မြေပြင်ပေါ်မှာထိုင်လျက်သားဖြင့်
ခြေကျင်းဝတ်နာနေ၍ လမ်းမလျှောက်
နိုင်တာမို့ ရှောင်းကျန့် ရိပေါ်အားတွဲထူပေးကာဝမ်အိမ်တော်ထဲခေါ်သွားလိုက်သည်။

အိမ်ထဲရောက်သည်နှင့် ရိပေါ်ကိုဆိုဖာခုံပေါ်
ထိုင်စေကာ ရှောင်းကျန့် medicine box
သွားယူပြီး ချော်လဲလို့ နီရဲသွားတဲ့ ရိပေါ်
ခြေကျင်းဝတ်လေးအားဆေးလိမ်းပေးနေ၏။

"အာ့...ဖြေးဖြေး...အဲ့နေရာ တော်တော်နာနေတာ"

"ဖန်ရှင်းတို့အိမ်က ရိပေါ်တို့နဲ့နီးနီးလေးပဲ
မလား၊လမ်းလျှောက်သွားလျှင် ရနေတာပဲကို၊စကိတ်စီးသွားတော့ အခု အနာတရဖြစ်ပြီပေါ့"

".........."

ရိပေါ်  ခြေထောက်ကိုဆေးလိမ်းပေးနေ
ရင်း အကြိမ်ကြိမ်တံတွေးမျိုချနေရတဲ့
ရှောင်းကျန့်အဖြစ်ဟာသိပ်တော့မလွယ်ကူလှ။

အဘယ်ကြောင့်ဆိုသော် ဒူးပေါ်ဘောင်းဘီတိုကိုဝတ်ဆင်ထားသည့် ဝမ်ရိပေါ်၏ဖြူဖွေးလှတဲ့ ပေါင်တံသွယ်သွယ်နှင့်​ဖြူဥဥခြေသလုံးလေးတို့တွင် အမွှေးအမျှင်ရေးရေးလေးသာပေါက်လို့နေပြီး၊သွေးကြောစိမ်းလေးများကလည်း အထင်အရှားပေါ်လွင်နေတာမို့ ၊

Love bitesပေးချင်စိတ်တွေဖြစ်ပေါ်လာစေရန် ရှောင်းကျန့်အားဆွဲဆောင်နေခြင်းကြောင့်ပင်ဖြစ်သည်။

သို့သော် စိတ်တိုင်းကျပြုမူရန်အခွင့်မရှိတာမို့ မှောင်မိုက်နေသည့်အတွေးများအား ရပ်တန့်ပစ်ကာ၊ရိပေါ်​ခြေကျင်းဝတ်ကိုသာ အာရုံစိုက်လို့ ရှောင်းကျန့်ဆေးလိမ်းပေးလိုက်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


သို့သော် စိတ်တိုင်းကျပြုမူရန်အခွင့်မရှိတာမို့ မှောင်မိုက်နေသည့်အတွေးများအား ရပ်တန့်ပစ်ကာ၊ရိပေါ်​ခြေကျင်းဝတ်ကိုသာ အာရုံစိုက်လို့ ရှောင်းကျန့်ဆေးလိမ်းပေးလိုက်သည်။

My Husband Is Good To Hate ♡Where stories live. Discover now