♡︎ Part-34 ♡︎

5.4K 519 110
                                    

{{Unicode}}

ဒီနေ့မနက်၉နာရီ ATIPD(လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး)တပ်ဖွဲ့နှင့်အတူ
ရှောင်းကျန့်မြို့ထဲရှိ Middle Schoolတွေမှာ လူကုန်ကူးမှုနှင့်ပတ်သတ်ပြီး အသိပညာပေးဟောပြောပွဲလုပ်ရမှာဖြစ်တာကြောင့်၆နာရီတွင် အိပ်ရာမှစောစောထလိုက်သည်။

ထို့နောက် သူ့ကိုယ်ပေါ်ခြေတွေလက်တွေ
ပစ်တင်ကာသူ့အားဖက်အိပ်နေတဲ့ အချစ်ဝက်ပေါက်စလေးကို ရှောင်းကျန့်အနမ်းတွေဖြန့်ကြဲကာ နှိုးလိုက်တော့...

"အွန်းး...ကိုကို...ငြိမ်ငြိမ်နေကွာ...သူများအိပ်နေတာကို...ကျစ်!"

ရိပေါ် ပါးပြင်တွေပေါ်အနမ်းတွေခြွေနေတဲ့
ရှောင်းကျန့်ကိုရိပေါ်က ရှောင်ဖယ်ရင်းမျက်လုံးမဖွင့်ဘဲမျက်နှာလေးရှုံ့မဲ့ကာ စူပုတ်ပုတ်ဖြင့်ပြောလေတယ်။

ရှောင်းကျန့်ကလည်း ရိပေါ်အိပ်ရာမှမထ
မချင်း ရိပေါ်မျက်နှာတပြင်လုံးအား၊တရွှတ်ရွှတ်နဲ့အတင်းနမ်းရှိုက်လို့နေတယ်။

"ရားးး...!! ဘယ်လိုဖြစ်နေတာလဲ ကိုကိုရာ!
ကောင်းကောင်းကိုမအိပ်ရဘူး...!"

အော်ငေါက်သံနှင့်အတူ ရိပေါ် အိပ်ရာမှကုန်းရုန်းထကာ အိပ်ချင်မူးတူးဖြင့်ရှောင်းကျန့်ကို
မမှိန်မသုန်ကြည့်လိုက်ပြီး....

အော်ငေါက်သံနှင့်အတူ ရိပေါ် အိပ်ရာမှကုန်းရုန်းထကာ အိပ်ချင်မူးတူးဖြင့်ရှောင်းကျန့်ကိုမမှိန်မသုန်ကြည့်လိုက်ပြီး

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"မနက်စောစောစီးစီး ကိုကို့မှိုထနေတာလား ဟမ် !!...​သူများအိပ်ရေးမဝပါဘူးဆိုအတင်း လိုက်နှိုးနေတယ် !"

ထိုစကားကြောင့်ရှောင်းကျန့်က မျက်လုံးတွေမှိတ်သည်အထိ အားပါးတရရယ်သွမ်းကာ...

​"ဟားးဟားး...ကိုယ့်မှိုကမထရပါဘူးကွာ၊ အချစ် မှိုကသာပဲလေ မနက်၄နာရီလောက်ကြီးထနေလို့ ကိုယ်ဖြေလျော့ပေးလိုက်ရ
သေးတယ်...အဲဒါ အချစ်မသိဘူးလား ?
အချစ်ပဲ ကိုယ့်ကို အတင်းနှိုးပြီး
^ ကိုကိုရေ ဒီမှာကြည့်ပါဦး ^ဆိုပြီး ကိုယ့်ကိုပြောတာလေ...ဟမ် ! အချစ်မေ့သွားပြီလား"

My Husband Is Good To Hate ♡Where stories live. Discover now