♡ Part-22 ♡

5.5K 613 76
                                    

{{Unicode}}

ဝမ်ရိပေါ် ပြိုင်ပွဲပြီးတာနဲ့ အိမ်ပြန်ကာ
ရေမိုးချိူးသန့်စင်ပြီး၊ရှောင်းကျန့်အတွက် သစ်သီးတချို့ ရေခဲသေတ္တာထဲမှထုတ်ယူကာ ပြင်ဆင်ပြီးသည်နှင့် Taxi ဖြင့်ဆေးရုံသို့
သွားလိုက်တော့သည်။

ဆေးရုံရောက်လို့ အခန်းထဲဝင်လာတာနဲ့ ရှောင်းကျန့်က သူ့အားပြုံးပြကာ ချီးမွမ်းစကားပြောလာလေသည်။

"Congratulationsပါ ရိပေါ်...မင်းအရမ်းတော်တယ်.."

"ဟုတ်...ကျေးဇူးပါ ကျန့်ကော...ဒါနဲ့
ရွယ်မေရော ကျန့်ကောကိုလာစောင့်မပေး
ဘူးလား..?"

"အင်း စောင့်ပေးပါတယ်..ခုနလေးတင်ပဲ
ပြန်သွားတာ..သိပ်မကြာသေးဘူး"

"အော်...ကျွန်တော် ကျန့်ကော စားဖို့
အိမ်က သစ်သီးတဝက်လောက်ယူခဲ့တယ်"

ရိပေါ်ကပြောရင်း သစ်သီးတွေအားဓားဖြင့်ခွဲခြမ်းကာ ပန်းကန်ထဲထည့်လို့နေသည်။

"အင်း...ရိပေါ်က ဆိုင်ကယ်ဝင်ပြိုင်တာ ဒါပထမဆုံးလား...?"

"မဟုတ်ဘူး...ကျွန်တော် ဝင်ပြိုင်တာ၃၊၄ခါလောက်ရှိပြီ"

"အော်..."

"အင်း...ရော့ ကျန့်ကော...လိုရင်ပြော...ကျွန်တော်ထပ်ခွဲပေးမယ်"

ရိပေါ် ရှောင်းကျန့်အားအသီးပန်းကန်ကိုပေးလိုက်သည်။

ရိပေါ်  ရှောင်းကျန့်အားအသီးပန်းကန်ကိုပေးလိုက်သည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ရတယ်...ရိပေါ်...ကိုယ်အများကြီးမစားဘူး..
နည်းနည်းပဲ...ရိပေါ်လည်းစားလေ..."

"ဟင့်အင်း...ကျွန်တော် မစားတော့ဘူး၊
ပီကေ ဝါးနေလို့...ဖောက်..!...ဖောက်..!"

ရှောင်းကျန့်အားပြောရင်း ရိပေါ်က ပီကေမှုတ်
လိုက်သည်။

My Husband Is Good To Hate ♡Where stories live. Discover now