♡ Part-23 ♡

5.5K 606 82
                                    

{{Unicode}}

ဝမ်ရိပေါ် သူ့နှုတ်တစ်ခုလုံးပေါက်ပြဲကာ
ဖူးယောင်လို့နေပြီး လည်ပင်းမှာလည်းအနီကွက်တွေကထင်းနေတာမို့ ဝမ်အိမ်တော်ကိုပြန်လို့မရတာကြောင့် သူ့အိမ်ကိုပဲပြန်သွားလိုက်လေတယ်။

ရှောင်းလူကြီးရဲ့ခြယ်လှယ်မှုတွေကြောင့်
လူကနုန်းချိနေတာမို့ အိမ်ပြန်ရောက်တော့
ရိပေါ်လန်းဆန်းသွားအောင်ရေချ်ိုးသန့်စင်လိုက်သည်။

ရေချိုးခန်းထဲရှိ မှန်ထဲမှာပေါ်နေတဲ့
သူ့လည်ပင်းက အနီကွက်တွေနဲ့သွေးစို့ကာပေါက်ပြဲနေတဲ့ သူ့နှုတ်ခမ်းသားတွေကို
ရိပေါ်က်ိုင်ကြည့်ရင်း သက်ပြင်းတွေအကြိမ်ကြိမ်ချနေမိသည်။

ယုန်ယောင်ဆောင်ထားတဲ့မြေခွေးအိုကြီး
ခုမှပဲ သူ့သရုပ်မှန်တွေပေါ်လာတယ်...

ကျစ်...နာလိုက်တာ...! ဒီတိုင်းဆို ငါထမင်းတောင်စားရပါ့မလားဘဲ...အာ့ စပ်လိုက်တာ..!

သောက်အဘိုးကြီး...! နှုတ်ခမ်းတစ်ခုလုံးပေါက်သွားအောင် နမ်းရတယ်လို့ !

အ့...သောက်လည်ပင်းကပါနာလာပြန်ပြီ
f**k..တော်တော်ဒုက္ခပေးတယ်...ဒီမျက်နှာနဲ့ငါဆေးရုံကို ဘယ်လိုပြန်သွားရပါ့မလဲ...??

ပါပါးကိုသွားစောင့်ခိုင်းရင်လည်း ငါဆဲခံထိဦးမယ်၊ဖန်ရှင်းတို့ကလည်းမအားဘူး၊
ရွယ်မေကျတော့လည်း မသင့်တော်ပြန်ဘူး၊

ညဘက်ကြီးဆိုတော့ လာစောင့်ခိုင်းဖို့က
အဆင်မပြေလောက်ဘူးလေ။

ဆေးရုံကိုမသွားဘဲနေရင်လည်း
ရှောင်းလူကြီးတစ်ယောက်တည်းဖြစ်နေလိမ့်မှာ...သူ့ကိုစောင့်ပေးမဲ့သူ ဘယ်သူမှရှိတာမဟုတ်ဘူး။

ငါသွားပြန်ရင်လည်း သူနဲ့မျက်နှာချင်း
မဆိုင်ရဲတော့ ခက်သား...ဟူးး..

ဘယ်လိုလုပ်ရမလဲ...?

သွားမနေတော့ဘူးကွာ...ဖြစ်ချင်ရာဖြစ်ပါစေတော့...ဒီည ဒီမှာပဲအိပ်လိုက်တော့မယ်။

ရိပေါ် ရေချိုးပြီးသည်နှင့်ရေချိုးခန်းထဲမှထွက်လာပြီး နာကျင်နေတဲ့သူ့နှုတ်ခမ်းအား lip balmထူထူဆိုးကာ အိပ်ရာဝင်လိုက်တော့သည်။

My Husband Is Good To Hate ♡Where stories live. Discover now