♡ Part-10 ♡

5.6K 577 47
                                    

{{Unicode}}

ကားနောက်ခန်းမှာ ဝမ်ရိပေါ် ကပြတင်းပေါက်ဘက်ကို မျက်နှာမူလ်ို့ ထိုင်နေပြီး ရှောင်းကျန့်ကတော့ ရှေ့တည့်တည့်ကိုသာမျက်နှာမူကာ ထ်ိုင်နေပေသည်။

သို့သော် နှစ်ယောက်လုံး ခပ်ခွာခွာပင်
နေကြလေရဲ့။

ကားမောင်းနေသူ ရွယ်မေမှာတော့ သူမ
အကြံအစီ အောင်မြင်သွားပြီဖြစ်တာမို့
ပြုံးတုံ့တုံ့ ဖြစ်နေလေတယ်။

ဘာပဲဖြစ်ဖြစ် ဒီနှစ်ယောက်ချစ်သွားဖို့ကို
ရွယ်မေကတော့ ဗီလိန်မကြီးဖြစ်ပေးရမှာပဲ။

သူဝင်ရှုပ်ပေးမှ အဆင်ပြေမဲ့ ဇာတ်လမ်းမျိုးဆိုတော့ ဝမ်ရိပေါ်ရဲ့နဂါးမျက်စောင်းတွေ၊
သဝန်တိုမှုတွေနဲ့၊မကျေနပ်မှုတွေက်ို
ပျော်ပျော်ကြီးခံရဦးမှာပင်။

ဒါပေမဲ့ အဲဒီအချက်တွေကသာ ဝမ်ရိပေါ်ကို အချစ်ဆိုတဲ့အရာဆီ ဆွဲခေါ်သွားနိုင်မှာမဟုတ်လား။

အကယ်လို့ က်ိုကို့ဘက်က ဝမ်ရိပေါ်ကို
ချစ်မိနေပြီလို့ ရွယ်မေက်ိုပြောပြလာတဲ့အခါ ရွယ်မေကလည်း ကိုကို ဝမ်ရိပေါ်ဆီက
အချစ်ကိုပြန်ရဖို့ ကူညီပေးမည်ဖြစ်ကြောင်း၊

နောက် ရွယ်မေမှာချစ်ရတဲ့သူရှိကြောင်း
ဖွင့်ပြောပြမည်ဟုလည်း စဥ်းစားထား
ပေသည်။

Shopping Mallsသွားရာ လမ်းတစ်လျှောက်သုံးယောက်လုံး စကားတခွန်းမှမပြောဘဲ၊
အတွေးကိုယ်စီနှင့် တိတ်ဆိတ်ငြိမ်သက်လို့နေသည်။

ဒီလိုနဲ့ Shopping Mallsရောက်တော့
Car parkingဆီသွားကာ ကားထ်ိုးရပ်လိုက်လေသည်။

ပြီးတာနဲ့ ရွယ်မေက ကားထဲမှ အမြန်ဆင်းကာ ရှောင်းကျန့်နားသွားပြီး ကိုကိုဟုခေါ်ကာ လက်မောင်းကိုချိတ်တွယ်လို့ ဝမ်ရိပေါ်
ရှေ့ကနေ ထွက်သွားလေသည်။

နောက်မှ ကျန်နေခဲ့သူ ဝမ်ရိပေါ်ကတော့
တောက် တချက်ခေါက်လ်ို့ အောက်နှုတ်ခမ်းကိုဖိကိုက်ကာ တရှုးရှုးဖြင့် ဒေါသထွက်
နေလေတယ်။

ရားးး...ဒီအဘိုးကြီး..ငါ့က်ိုတစ်ချက်တောင်
လှည့်မကြည့်ဘူး..F**k!..ချီးပဲကွာ...
ဒီလိုမျိုးသာဆို ငါ့ကိုခေါ်မနေပါနဲ့လား။
ခုတော့ ငါ့ရှေ့လာပြီး ချစ်ကြည်နူးတစ်တီတူးပြနေတယ်။တောက်!!

My Husband Is Good To Hate ♡Where stories live. Discover now