♡︎ Part-36 ♡︎

4.2K 470 133
                                    

{{Unicode}}

ညနေ ရှောင်းကျန့်အိမ်ပြန်တဲ့အခါMarket
ဝင်ပြီး သူ့အချစ်မှာတဲ့အစားအစာတွေကို
တခုမကျန်အကုန်ဝယ်ရလေသည်။

အကယ်၍ တခုတလေလောက်များမေ့ကျန်ခဲ့တဲ့အခါ အချစ်က ၅မိနစ်လောက်ဥပက္ခာပြုထားတာမို့ ရှောင်းကျန့်က အချစ်ရဲ့ဥပက္ခာပြုမှုကိုမခံနိုင်။

သူ့အချစ် စားချင်တာမှန်သမျှကိုမေ့လျော့ခြင်းမရှိဘဲ ဂရုတစိုက်ဝယ်ကျွေးရလေသည်။

ပြီးနောက် အိမ်ပြန်ရောက်တော့ ခါတိုင်းလို
သူ့အချစ်က အိမ်ပေါက်ဝကိုထွက်ပြီး သူ့အားလာမကြိုတော့။တအိမ်လုံးတိတ်ဆိတ်နေကာ ဒါ့အပြင် ဧည့်ခန်းမှာလည်း သူ့အချစ်က
ရှိမနေ။

ရှောင်းကျန့် လက်ထဲကအစားစာထုပ်တွေကို မီးဖိုချောင်မှာ သွားထားပြီးသည်နှင့် သူတို့ရဲ့အိပ်ခန်းဆီသို့ဦးတည်လိုက်လေသည်။

ထို့နောက် တံခါးဖွင့်ပြီးဝင်သွားကြည့်တော့ ထင်တဲ့အတိုင်းပါပဲ။

ဗိုက်ကြီးသည်ပေါက်စလေးက ဟောက်သံသေးသေးလေးထွက်ကာ ကုတင်ပေါ်မှာ
ခြေကားယား လက်ကားယားနဲ့နှစ်ခြိုက်စွာအိပ်ပျော်လို့နေသည်။

ဗိုက်ကြီးသည်ပေါက်စလေးက ဟောက်သံသေးသေးလေးထွက်ကာ ကုတင်ပေါ်မှာခြေကားယား လက်ကားယားနဲ့နှစ်ခြိုက်စွာအိပ်ပျော်လို့နေသည်။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"အချစ်ရေ...ကိုယ်ပြန်ရောက်ပြီ...ထတော့!အချစ်မှာတဲ့ဟာတွေ ကိုယ်ဝယ်လာခဲ့ပေးတယ်"

ပါးဖောင်းဖောင်းလေးတဖက်ကိုလက်လေးနဲ့အသာအယာပုတ်ကာနှိုးလိုက်တော့ အချစ်က
ဟိုဘက်လှိမ့်ဒီဘက်လှိမ့်ဖြင့် မျက်လုံးများကိုပွတ်သပ်ပြီးအကြောဆန့်ကာ အိပ်ရာမှထလာတော့သည်။

"အွန်းး...ကိုက်ို...ချီပေး...ရေချိုးမယ်"

လက်လေးနှစ်ဖက်ကိုဆန့်တန်းလို့ ရိပေါ်
ရှောင်းကျန့်ကိုချီခိုင်းလိုက်တယ်။

My Husband Is Good To Hate ♡Where stories live. Discover now