♡ Part-9 ♡

5.4K 578 67
                                    

{{Unicode}}

"ဟေ့ကောင် ဖန်ရှင်း...မင်း ခုနက ဟိုလူကြီးနဲ့ဘာတွေပြောနေတာလဲ။"

ဖန်ရှင်း ယွီပင်းနားကထွက်လာပြီး
လေ့ကျင့်ရေးကွင်းထဲမှာ စကားရပ်ပြောနေတဲ့
ရိပေါ်နဲ့ပိုင်ရှင်းဆီသွားလေတော့၊သူတို့နားပင်မရောက်သေး၊ပိုင်ရှင်းက သူ့အားလှမ်းမေးလို့လာသည်။

ထိုအခါ ဖန်ရှင်းက မျက်နှာကြီးနီရဲလာပြီး
လက်နှစ်ဖက်ကိုပွတ်သပ်ကာ၊ရှက်ပြုံးကြီး
ဖြင့်...

"အဟိ...အဲ့လူကြီးကလေ ငါ့က်ိုရည်းစားစကား ပြောနေတာဟ။"

"အဲ့လူက မင်းက်ို ရည်းစားစကားပြောလိုက်တော့ မင်းခုဖြစ်နေတဲ့ပုံက ရင်ခုန်သွားတယ်ဆိုတဲ့သဘောလား။"

သွား၃၂ချောင်းလုံးပေါ်အောင်ပြုံးဖြီးနေတဲ့
ဖန်ရှင်း၊ခေါင်းကြီးကိုငုံ့လို့ အောက်နှုတ်ခမ်းတွေပါဖိကိုက်လာကာ ရှက်ရှက်နဲ့ပြန်ဖြေလာတဲ့ပုံက တကယ်ပဲ ယွီပင်းကောကို သဘော
ကျနေတာဖြစ်လိမ့်မည်။

ပိုင်ရှင်းကသာ မျက်လုံးပြူးမျက်ဆံပြူး
ဖြစ်လို့ ဖန်ရှင်းကိုအသည်းအသန်မေးနေပေမဲ့
ဝမ်ရိပေါ်တို့ကတော့ စိတ်တောင်မဝင်စား။

မြင်းကျောကုန်းပေါ် လက်နှစ်ဖက်တင်လို့မေးစေ့ကိုထောက်ကာ မြင်းစီးနေတဲ့
မတော်ရသေးတဲ့ သူ့လင်ရှောင်းကျန့်မျက်နှာကိုသာ ခပ်တည်တည်ဖြင့် စိုက်ကြည့်နေ
လေတယ်။ဖင်ကိုလဲနောက်ပစ်ရင်းပေါ့။

အဲ့နောက်ပစ်ထားတဲ့ ဖင်ကောက်ကောက်လေးကို ခပ်နာနာလေးရိုက်ပြီး ပိုင်ရှင်း
မေးပစ်လိုက်ချင်ပါရဲ့။​

ရှောင်းကျန့်ကောက်ို စိတ်မဝင်စားပါဘူး​ဆိုပြီး မျက်တောင်မခတ်တမ်း ကြည့်နေတဲ့သူက
အဖြောင့်လို့ထပ်တလဲလဲ ကြွေး​ကြော်နေတဲ့သူကြီးလားဆိုတာ...။

အဖြောင့်ဆိုပဲ ကွေးသွားလို့ကတော့
ဝမ်ရိပေါ်ကို ကုတင်ပေါ်က မထနိုင်အောင် လုပ်ပစ်မယ်။

အဟမ်း...တမျိုးမတွေးကြပါနဲ့။
ရှောင်းကျန့်ကောကို မြှောက်ပေးပြီး
ရိပေါ်ကို အပြစ်ပေးခိုင်းမို့ပါ။

စိတ်ကသာ ရိပေါ်ဖင်ကိုရိုက်ဖို့ တွေးနေမိတာ။
တကယ်တမ်းကြည့်လိုက်တော့ ပိုင်ရှင်း
ရိပေါ်ဖင်ကိုရိုက်ပြီးသွားလို့ ရိပေါ်က သူ့ကိုမျက်စောင်းကြီးထိုးကာ ထအော်ပါလေရော။

My Husband Is Good To Hate ♡Where stories live. Discover now