♡︎ Part-32 ♡︎

6.3K 553 143
                                    

{{Unicode}}

ရှောင်းကျန့်တို့ ဝမ်အိမ်တော်ရောက်တော့
ဝမ်ပါးပါးကဧည့်ခန်းထဲ Drနှင့်အတူထိုင်ပြီးစကားပြောနေရာမှ ရိပေါ် အခြေအနေအား စိုးရိမ်စိတ်ဖြင့်အသည်းအသန်မေးမြန်းလာလေသည်။

"ရိပေါ်...သား..ကိုယ်ဝန်ဖျက်ချလိုက်ပြီလား!"

"ဖျက်မချပါဘူး ပါးပါးရဲ့...မစိုးရိမ်နဲ့တော့နော်...သား ကျန့်ကောနဲ့လည်း အဆင်ပြေသွားပါပြီ...ဗိုက်ထဲကပိစိလေးကို သားမွေးမှာပါ..."

"ဟင်းး...ပါးက ပါးမြေးလေးကို သားဖျက်ချလိုက်မှာ အရမ်းစိုးရိမ်နေတာ၊အကြောင့်
သားအိမ်ထဲကထွက်သွားတည်းက
ရှောင်းကျန့်ကိုဖုန်းဆက်ပြီး သားနောက်လိုက်သွားဖို့အမြန်ပြောရတာ၊သားကိုအချိန်မှီတားလိုက်နိုင်လို့၊တော်သေးတာပေါ့ကွယ်"

"အားလုံးအဆင်ပြေသွားပြီဆိုတော့ Drပြန်တော့မယ်နော်...Mr.Wang"

"ဟုတ်ကဲ့ပါ...Dr..ဂရုစိုက်ပြန်ပါ"

ဝမ်ကျောင်းရန် Drအား ခြံရှေ့ထိလိုက်ပို့ပေးလိုက်သည်။

ပြီးသည်နှင့်ရှောင်းကျန့်က သူ့အားစကားဆိုလာလေသည်။

"ကျွန်တော် ရိပေါ်နဲ့ပြန်ပေါင်းလို့ရမလား Uncle Wang...??"

"ရပါတယ်...ပါး ခွင့်ပြုပါတယ်...ဒါနဲ့သားရှောင်းရဲ့ ဖွားဖွားကရော သားတို့ပြန်ပေါင်းဖို့ကို သူကသဘောတူရဲ့လား"

"ခုနလေးတင်ပဲ ကျွန်တော်တို့ အဲ့ကိစ္စကိုဖွားကိုအသိပေးပြီးပါပြီ...ဖွားကလက်မခံဘူး၊
ဒါမဲ့လည်းကျွန်တော်က ရိပေါ်ကိုပြန်ပေါင်းမှာပါ...ဖွားလက်ခံတာမခံတာ အရေးမကြီးပါဘူး...အသိပေးရုံလောက်ပါဘဲ၊"

"အဲ့တော့ ခုသားတို့ကပြန်ပေါင်းမယ်ဆိုတော့..ပါးလက်ဖွဲ့ထားတဲ့ အိမ်မှာပဲပြန်နေကြမှာလား...ဒါမှမဟုတ် နှစ်ယောက်လုံး ပါးဆီမှာဘဲနေမလား"

"ပါးပါး လက်ဖွဲ့ထားတဲ့အိမ်မှာပဲ နေမှာပါ...
မဟုတ်လို့ ကျွန်တော်တို့ ဒီအိမ်မှာနေရင် ပါးအနေကြပ်မှာဆိုးလို့ပါ"

ဝမ်ပါးပါး အမေးကိုရိပေါ်ကခပ်မြန်မြန်ပဲ
​တုံ့ပြန်စကားဆိုလိုက်တယ်။

My Husband Is Good To Hate ♡Where stories live. Discover now