{{Unicode}}
" အဟမ်း !! "
အခန်းတံခါးတွန်းဖွင့်ရင်း ချောင်းဟန့်ကာ
အသံပေးဝင်လာတဲ့ ရွယ်မေ...
"ကျန့်ကော...ကျွန်တော်အပြင်သွားလိုက်ဦးမယ်"
သူ့ကိုမြင်တော့ ဝမ်ရိပေါ်က ရှောင်းကျန့်ကို
ဆန်ပြုတ်ဆက်မကျွေးတော့ဘဲ ဆန်ပြုတ်ပန်းကန်ကို စားပွဲပေါ် တင်လိုက်ပြီး..၊
ရှောင်းကျန့်အား စကားကိုခပ်ပြတ်ပြတ်
ပြောကာ ရွယ်မေကိုလုံးဝလှည့်မကြည့်ဘဲ အခန်းထဲမှ ထွက်သွားလေတော့သည်။
သို့သော် ရွယ်မေကတော့ သူ့အနားက
ဖြတ်လျှောက်သွားတဲ့ ဝမ်ရိပေါ်ကိုသေချာ
ကြည့်လိုက်ရာ...
ဖြူဖွေးနေတဲ့အသားရေကြောင့် ညာဘက်
ပါးပြင်ပေါ်မှာ သွားရာအကွင်းလိုက်က အထင်းသားပေါ်လွင်လို့နေရဲ့။
ဒီတော့ အခြေအနေတိုးတက်လာတာမို့
ရွယ်မေ ကြိတ်ပြုံးလိုက်လေတယ်။
ရှောင်းကျန့် ရွယ်မေလာတာကြောင့်
ရိပေါ် က သက်သက်ရှောင်ထွက်သွားပေးတယ်ဆိုတာကို အသေအချာပင်သိနေသော်လည်း မတားမြစ်နိုင်။
ရိပေါ်က သူ့မျက်နှာကိုတောင်မကြည့်ဘဲ
စကားပြောပြီးတာနဲ့ အပြင်ကိုတန်းထွက်
သွားလေတာ...။
သူနဲ့ သူငယ်ချင်းတောင်မဖြစ်ချင်ရှာတဲ့
ရိပေါ်က အဲ့လောက်ထိတောင်မှပဲလား...?
သဝန်တိုတာလား ကြည့်မရတာလားဆိုတာ၊ အခွင့်အရေးရတဲ့တစ်နေ့ ရိပေါ်ကို
သူထုတ်မေးကြည့်ချင်ပါ၏။
မရေရာ မသေချာတဲ့ခံစားချက်တွေနဲ့အတူ
ဖွင့်ဟမပြောနိုင်တဲ့ အချစ်လို့ခေါင်းစဥ်တပ်နိုင်စွမ်းမရှိတဲ့ ရှောင်းကျန့်ရဲ့ခံစားချက်တွေ
မျိုး ရိပေါ်မှာလည်းရှိနေတာပဲလား ??
သူ့ဘဝထဲ ဝင်ရောက်လာကတည်းက သူ့က်ို
ကော်ရှင်မက်တွေ၊တန်းစီပေးနေတဲ့ဖြူလုံးလုံးကောင်လေး ဝမ်ရိပေါ် ။
ပါးဖောင်းဖောင်းလေးတွေကို ရှောင်းကျန့် စိတ်ကျေနပ်သည်အထိ ထပ်မံကိုက်ဆွဲပြီး သိပ်ဆိုးလွန်းတဲ့ ဝက်ပေါက်လေးဝမ်ရိပေါ်
ကို၊အပြစ်ပေးချင်စမ်းပါဘိ။
ESTÁS LEYENDO
My Husband Is Good To Hate ♡
Fanfiction#Both(Unicode+Zawgyi) >>Zhanyi ♡ Start Date ~ 23.8.2020 End Date ~ 23.12.2020
