♡︎ Part-49 ♡︎ { Final }

8K 521 80
                                    

{{Unicode}}

Chongqing မှာ ရှောင်းကျန့် တာဝန်ထမ်းဆောင်လာခဲ့တာ ၃နှစ်​ကျော် ၄နှစ်နီးပါးရှိနေပြီဖြစ်တာမို့ အချိန်တန်တာနှင့်အခြားနေရာကိုထပ်ပြောင်းရွှေ့မိန့်ကျလာတော့ ဝေးလံတဲ့နေရာဒေသမို့ ရှောင်းကျန့်သွားရာနောက်
ရိပေါ် လိုက်မနေနိုင်တော့။

အကြောင်းမှာ ဝမ်ပါးက ကျန်းမာရေး
မကောင်းတာကြောင့် လုပ်ငန်းတွေကို
ရိပေါ် ကပဲ ပြန်ဦးစီးရတော့မှာဖြစ်ပြီး
ရှောင်းကျန့်ပြောင်းရွှေ့ရမည့်နေရာကလည်းပြည်တွင်းစစ်ဖြစ်ပွားသည့်နေရာမို့ ရိပေါ်က စိတ်မချ။

အရင်လို ရန်ရှာပြီးကွာရှင်းမယ် တကဲကဲလုပ်နေတာကြောင့် နောက်ဆုံး ရှောင်းကျန့်မှာ
ရဲအဖြစ်ကနှုတ်ထွက်ပြီး ရိပေါ်နှင့်အတူ အခု ဝမ်ပါးရဲ့စီးပွါးရေးလုပ်ငန်းတွေကိုဆောင်ရွက်နေရတော့လေတယ်။

"ကိုကို...သားလေးတွေစားဖို့ ကျွန်တော်
မုန့်ထည့်ပေးလိုက်တယ် သိလား...အဲဒါ ကိုကို ထပ်ပြီး မုန့်ဝယ်မပေးနဲ့တော့နော်"

ရှောင်းကျန့်အား necktie ချည်ပေးနေရင်း
​ရိပေါ် က ပြောလေတယ်။

"အင်းပါ အချစ်ရဲ့..."

မှာတမ်းခြွေနေသော ​ရိပေါ်ကို သေချာကြည့်ပြီး နှုတ်ခမ်းလုံးလုံးလေးအား ဖြတ်ခနဲနမ်းကာ ပြန်ဖြေလာသည့် ရှောင်းကျန့်က မနက်တိုင်း ထိုသို့အနမ်း​ပေးစမြဲပင်။

"မနက်စာ စားသွားဦး...ကျွန်တော်အသင့်ပြင်ထားတယ်...သားတွေလည်း ကိုကိုနဲ့အတူစားဖို့ ဆိုပြီးထိုင်စောင့်နေတယ်"

"ဟုတ်ကဲ့ပါဗျာ...စားပါ့မယ်"

"အင်း...သွားမယ်...လာ"

ရိပေါ် ရှောင်းကျန့် လက်အားဆွဲပြီး မီးဖိုချောင်ထဲဝင်ကာ သားတွေနဲ့အတူ မနက်စာ စားခိုင်းလိုက်တယ်။

အစားကို အချိန်မှန်မစားဘဲ ဗိုက်ဆာမှသာ
ထစားတတ်တဲ့ ရှောင်းကျန့်ကို ရိပေါ်က အမြဲဂရုတစိုက် ထမင်းကျွေးရလေတယ်။

အကယ်၍ ရှောင်းကျန့် မစားရင်တော့ ရိပေါ်က စိတ်ဆိုးစိတ်ကောက်ပြီး သူပါမစားဘူးဆိုကာ ဆန္ဒပြတော့တာပဲ။ဒါ့ကြောင့် ရှောင်း
ကျန့်က ရိပေါ်စိတ်ချမ်းသာအောင် မဆာလည်း စားပေးရလေတယ်။

My Husband Is Good To Hate ♡Where stories live. Discover now