♡︎ Part-45 ♡︎

3.4K 371 46
                                    

{{Unicode}}

ဖုန်းး...ဒုန်းး....!!!!

ဒီမနက် ၆နာရီခွဲ ဝမ်ရိပေါ် တစ်ယောက် မီးဖိုချောင်မှာ တဒုန်းဒုန်းတဂွမ်ဂွမ်နဲ့သောင်းကျန်းနေလေတယ်။

တကယ်တော့ သူက မနက်စာချက်တာသောင်းကျန်းတာတော့ မဟုတ်ဘူး။

ဒါပေမဲ့ အမောင်ရှောင်းကျန့်ကြောင့် သူစိတ်တွေတိုနေရတယ်။ဒီတော့ သူကိုင်လိုက်သမျှ
ပန်းကန်တွေ ဇွန်းတွေ အကုန်ကျကွဲကုန်တော့ သောင်းကျန်းသလိုဖြစ်သွားတာပေါ့...။

အကြောင်းကတော့ ရှောင်းကျန့်က အရင်လတစ်လပဲ သူ့ဆီပြန်လာနိုင်တယ်။ အခုဒီလထဲကျ လုံးဝပြန်လာလို့မရဘူးတဲ့လေ။

မနက်စောစောစီးစီးပြန်မလာနိုင်ကြောင်း ပြောတော့ ဝမ်ရိပေါ် စိတ်မကြည်တော့...နည်းနည်း ဒေါသဖြစ်မိသွားလေတယ်။

အကြောင့် အခု စိတ်တိုတိုနဲ့ထမင်းချက်နေရတာ...ပန်းကန်သံတွေကြောင့် အိမ်စောင့်နတ်တွေတော့ ထွက်ပြေးကုန်တော့မှာပဲ...ဟင်းး

"မြေးငယ်...ဘာတွေဖြစ်နေတာတုန်း ! "

ဝမ်ရိပေါ် ရဲ့ဆူဆူညံညံလုပ်မှုကြောင့် ရှောင်းဖွားဖွား နိုးသွားခဲ့ပြီလေ။

"ဘာမှမဖြစ်ပါဘူး...အဖွား...ထမင်းချက်နေတာပါ."

ရိပေါ် ပန်းကန်ဆေးနေရင်း ဖွား အမေးအားပြန်ဖြေလိုက်တယ်။

"မောနင်း ဦးဦးရိပေါ်..."

"အားယွမ်လေး နိုးပြီလား ?"

"ဟုတ်..ဦးဦးရိပေါ် "

"မျက်နှာသစ်ပြီးရင် မနက်စာလာစားနော် အားယွမ်...ဦးပြင်ပေးထားမယ် ကြားလား ?
ဖွားရောပဲ အားယွမ်လေးနဲ့ အတူတူစားလိုက်နော်..."

"မြေးငယ်ရော မစားဘူးလား...တခါတည်းဝင်စားလိုက်လေ"

"ကျွန်တော်ဗိုက်မဆာသေးလို့...ဖွားတို့ပဲ
အရင်စားနှင့်လိုက်နော်"

အူဝါးး...ဟင့်...အင့်...

"အဲ...သားလေးတွေ နိုးပြီ...ဖွားရေ...ဟင်းအိုးခဏကြည့်ပေးထားပါနော်"

"အေးအေး...​ဖွားကြည့်ပေးထားမယ်..သွား.."

ဟင်းချိုချက်နေစဥ် သားလေးတွေငိုသံကြားတော့ ဖွားကိုဟင်းအိုးခဏကြည့်ထားခိုင်းကာ ရိပေါ် သားလေးတွေဆီ အမြန်သွားရတော့သည်။

My Husband Is Good To Hate ♡Where stories live. Discover now