♡︎ Part-46 ♡︎

3.4K 392 83
                                    

{{Unicode}}

ဒီနေ့ ကျိုးချန်ကောတို့ ခရီးကပြန်လာပြီး
အားယွမ်လေးကို အိမ်ပြန်ခေါ်သွားသည်။

အားယွမ်ကလည်း သားငယ်လေးလီယ်ိုနားမှာနေချင်သေးတယ်ဟုဆိုကာ ဂျီကျသွားပါသေးတယ်။

အဲ့တော့ ကျိုးချန်ကောက ကျောင်းပိတ်ရက်တိုင်း ဒီကိုလိုက်ပို့ပေးမယ်ဆ်ိုပြီး ချော့မော့ပြောကာမှ အိမ်ပြန်လိုက်သွားတော့တယ်။

Ring...Ring...

"ပြော....!!"

အမလေး ! လေသံကြီးကလည်း မာလိုက်တာ။ ခုထိစိတ်ဆိုးမပြေသေးဘူးထင်ပါရဲ့။

"စိတ်ဆိုးနေတုန်းပဲလား...?? တပတ်လောက်ရှိနေပြီလေ....စိတ်ဆိုးပြေပါတော့ အချစ်ရဲ့"

"စိတ်မရှည်တဲ့ လေသံနဲ့လာမပြောနဲ့...!!!
ဒီထက်ဆိုးသွားမယ်နော်"

"အားယိုးး...အဲလိုမပြောရဲပါဘူး...
ညင်ညင်သာသာလေးပြောပါ့မယ်ဗျာ"

"ဒါဆိုလဲပြော ! ဘာကိစ္စလဲ?"

ဘောက်ဆတ်ဆတ်နဲ့ စိတ်မရှည်သလို
ပြန်​ပြောလာတဲ့ အချစ်ဝက်ပေါက်စကို
မမြင်ရပေမဲ့လည်း ဆွဲဆောင့်ပစ်ချင်စရာ။

"ကိုယ်တို့ final exam က ရှေ့လထဲမှာဖြေရမှာ...အဲဒါ အချစ်ဆီပြန်လာရတော့မယ်လို့ ပြောတာပါကွာ"

"အဟမ်း...တကယ်လား...ပြန်လာခါနီးပြီပေါ့"

"ဒါပေါ့ အချစ်ရဲ့...အဲဒါ အချစ်မပျော်ဘူးလားဟင်"

ဝမ်းသာအားရနဲ့ မေးမိတော့ အမောင်ရိပေါ်
ခွန်းတုံ့ပြန်လာပုံမှာ....

"ဘာကိစ္စပျော်ရမှာ ! မပျော်နိုင်ပါဘူး...ခင်ဗျားကို တသက်လုံးအဲ့မှာနေစေချင်တာ"

သောက်ကလေးလေး...အနားမှာရှိရင်တော့လေ....အဟင်းးး....ငါတခုခုလုပ်ကိုလုပ်မိမှာ။

"ဟင့်....စိတ်မကောင်းလိုက်တာ..ဒီတခါ
ကိုယ် စိတ်ဆိုးသွားပြီ.."

ဘာရယ်မဟုတ်...ရွဲ့ပြောလိုက်တာကို တကယ်ကြီးစိတ်မကောင်းဖြစ်သွားတဲ့
ရှောင်းကျန့်အား ရိပေါ် ပြန်ချော့လိုက်တယ်။

"ကျွန်တော်တောင် စိတ်ဆိုးပြေသေးတာမဟုတ်ဘူးနော်...အဲ့တော့ ကိုကိုလည်းစိတ်ဆိုးဖို့မစဥ်းစားနဲ့...မဟုတ်ရင် ကွာရှင်း..."

My Husband Is Good To Hate ♡Where stories live. Discover now