♡ Part-17 ♡

4.9K 599 45
                                    

{{Unicode}}

Beijing ပြန်ရောက်သည်နှင့်ရှောင်းကျန့်က
သူ့အဖွားနဲ့တွေ့ရန် ရှောင်းအိမ်တော်သို့
ခဏပြန်သွားကာ ၊ ရိပေါ်ကတော့ ဖန်ရှင်းတို့အိမ်သွားပြီး စကားဝိုင်းဖွဲ့လို့နေလေသည်။

"နောက်အပတ်ထဲမှာ ဆိုင်ကယ်ပြိုင်ပွဲရှိ
တယ်တဲ့...အဲဒါ မင်းအဆင်သင့်ဖြစ်
ပြီလား ရိပေါ် ?"

ဖန်ရှင်းက အခန်းပြတင်းပေါက်နားတွင်ရပ်ကာ ကုတင်ပေါ်မှာလှဲနေတဲ့ ရိပေါ်ကိုကြည့်ပြီးပြောလိုက်လေသည်။

"အင်း...ငါပြန်လေ့ကျင့်ရဦးမယ်"

"ဒါနဲ့ မင်းတို့ Honeymoon သွားတာ ဘယ်လိုလဲ...အဆင်ပြေခဲ့ကြရဲ့လား?"

ရိပေါ် ဘေးနားမှာအိပ်နေတဲ့ ပိုင်ရှင်းက
မေးလိုက်သည်။

"အဆင်ပြေတယ်လို့လဲ မဟုတ်ပါဘူး...ဒီလိုပဲ...ပြေတချက် မပြေတချက်ပေါ့"

"ရွယ်မေ ပါတယ်ဆိုတည်းက မင်းတို့အဆင်ပြေလောက်မှာ မဟုတ်ဘူးဆိုတာ
ငါသိတယ်...သူက မင်းတို့ကြားဝင်ရှုပ်နေတာမလား...?"

"ရှောင်းကျန့်က သူ့ရည်းစားလေကွာ...အပြစ်ပြောလို့တော့ ဘယ်ရမလဲ...?"

"ဒါပေမဲ့ သူအလိုက်သိသင့်တယ်လေ...ရှောင်းကျန့်ကောက သူ့ရည်းစား
ဖြစ်နေပါစေဦး...ခုချိန်မှာ မင်းနဲ့လက်ထပ်ထားတာ..အဲ့တော့ ဘာပဲဖြစ်ဖြစ် သူ့ဘက်
က အနေအထိုင်ဆင်ခြင်သင့်တယ်"

ပိုင်ရှင်းပြောတာမှန်ပါသည်လေ...။
သို့ပေမဲ့ ရွယ်မေက ကျန့်ကောအချစ်တွေရထားတော့ သူဘယ်လိုပဲ ရိပေါ်တို့ကြား
ဝင်ရှုပ်နေပါစေ ကျန့်ကောက အပြစ်မြင်လိမ့်မှာ မဟုတ်ဘူး။

"ဒါတော့ ဒါပေါ့ ပိုင်ရှင်းရာ...ငါလည်း
မပြောချင်ဘူး...မမြင်ချင်ယောင်သာ
ဆောင်ထားလိုက်တော့တယ်"

"မမြင်ချင်ယောင်ဆောင်ထားတာတော့
ကောင်းပါတယ်...ဒါမဲ့ ပတ်ဝန်းကျင်ဆိုတာ
ရှိသေးတယ်လေ ၊ ပြီးတော့ မင်းတို့လက်ထပ်ထားတာ လူသ်ိရှင်ကြားနော်...တိတ်တိတ်ပုန်းလက်ထပ်ထားတာမှ မဟုတ်ဘဲ ၊ အဲ့တော့ ငါက ရှောင်းကျန့်ကော နဲ့ ရွယ်မေတို့ကို
အနေအထိုင်ဆင်ခြင်စေချင်တယ်"

My Husband Is Good To Hate ♡Where stories live. Discover now