''-''
31.8K 1.8K 74
#################
ဝမ်ပေါက်စ:: ( T^T )
#####################
ရှောင်ကျန့်က စာရေးဆရာတစ်ယောက်။ သူရေးတဲ့ဝတ္ထုတွေကများသောအားဖြင့် မင်းသားနဲ့မင်းသမီး အီစီကလီလုပ်တဲ့အခန်းတွေအရမ်းများတယ် ။ ထိုသို့သောအခန်းတွေကပင် စာဖတ်ပရိတ်တွေကို ပိုပြီးတော့တောင်ဆွဲတောင်နိုင်တယ်လို့ပြောလို့ရတယ် ။ ပြီးတော့ သူက သူရဲ့အဓိကဇာတ်ကောင်ကိုနူးညံ့ပြီး စိတ်သဘောထားပြည့်ဝတဲ့ဇာတ်ကောင်လိုမျိုးပုံစံဖော်ထားတယ် ။
စာဖတ်သူတွေကလည်း အဲ့ဒီလိုမျိုးစိတ်သဘောထားပြည့်ဝတဲ့အမျိုးသားဇာတ်ကို မဟားတရားတွေကြွေကျတာကြောင့် သူရဲ့စာအုပ်တွေကအမြဲထိပ်ဆုံးမှာရောက်ရှိနေတယ် ။ သူရဲ့စတုတ္ထမြှောက်ဝတ္ထုဖြစ်တဲ့ The Great Godဆိုတဲ့ကျင့်ကြံခြင်းဖက်ကိုအသားပေးတဲ့ဝတ္ထုက ဒီနှစ်တွေထဲမှာလူကြိုက်အများနဲ့ဆုံး နံပါတ်တစ်နေရာမှာရောက်ရှိနေတယ် ။
တစ်နေ့မှာတော့ The Great God ဝတ္ထုစာအုပ်ထဲကအဓိကဇာတ်လိုက်ဖြစ်တဲ့ ဝမ်ရီပေါ်က အသက်ဝင်လာခဲ့ပြီး စာရေးဆရာကိုပုန်ကန်ဖို့အတွက် အမျိုးမျိုးလုပ်ဆောင်ပါတော့တယ် ။ နူးညံ့ပြီးစိတ်သဘောထားပြည့်ဝတဲ့ဇာတ်လိုက်ကနေ ဗီလိန်တွေထက်ကောက်ကျစ်ပြီးဆိုးသွမ်းတဲ့ဇာတ်လိုက်တစ်ယောက်အဖြစ်ကိုပြောင်းလဲသွားတဲ့နောက်မှာတော့ စာဖတ်သူတွေရဲ့ခေါင်းပေါ်မှာ''?'' သင်္ကတွေပေါ်လာပြီး စတင်အငြင်းပွားလာကြတော့တယ် ။
ရှောင်ကျန့်က တစ်ခုခုမှားယွင်းနေတာကိုသတိပြုမိသွားတဲ့နောက်မှာတော့ ဝတ္ထုတစ်ခုလုံးကိုဖျက်စီးဖို့ကြိုးစားခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့တဲ့အပြင် သူရဲ့ဝိညာဉ်က ဇာတ်လိုက်ဖြစ်တဲ့ဝမ်ရီပေါ်ရဲ့စိတ်ဝိညာဉ်နယ်မြေနယ်မှာပိတ်မိသွားခဲ့တယ် ။ ရှောင်ကျန့်နဲ့ဝမ်ရီပေါ်က ဘယ်လိုတွေပတ်သတ်နေမလဲ? ။ ဝမ်ရီပေါ်က ဘာကြောင့်အသက်ဝင်လာတာလဲ? ။ ရှောင်ကျန့်ကရော ဘာလို့ဝမ်ရီပေါ်စီမှာ ပိတ်မိသွားခဲ့ရတာလဲ? ။
#################
ဝမ်ပေါက်စ:: ကိုကို ကိုကို ဝမ်ဝမ်ကြောက်တယ် ။ ဝမ်ဝမ်တစ်ယောက်တည်းမအိပ်ရဲဘူး ။
ကိုကိုရှောင်ကျန့်::မအိပ်ရဲရင် သရဲခေါ်အိပ်လိုက် ။ ငါ့မှာသရဲတွေအများကြီးရှိတယ် ။ မင်းဘယ်သရဲကိုသဘောကျလဲ ။
ဝမ်ပေါက်စ:: ( T^T )
[ ဒီficလေးကိုတော့ အရင်introလေးဝင်ထားလိုက်ပြီနော် ။ 2021 jan 1နေ့ကျမှပဲ စရေးဖြစ်ပါမယ် ။ ]
#####################
The protagonist rebel against the writer [ Completed ] Unde poveștirile trăiesc. Descoperă acum