part4🌗

6.6K 649 18
                                    


ဇာတ်​ညွှန်းစာရွက်​​လေးကို​ရှေ့မှာချပြီးရိ​ပေါ်သည်​​ပျော်​ရွှင်​မြူးထူး​နေ၏..ဒီ​နေ့​တော့ကျန့်​​ကောနဲ့တူတူရိုက်​မဲ့ဇာတ်​ဝန်​ခန်းမရှိ သူတစ်​​ယောက်​တည်းအခန်းနဲ့.တခြားသူများနဲ့နည်းနည်းသာရိုက်​ဖို့ရှိသည်​ ရိုက်​ကွင်းပြီးတာနဲ့သူတို့အဖွဲ့ နား​နေခန်းမှာထိုင်​​နေကြသည်​.ကျန်းချန်​က​တော့ဇာတ်​​ကောင်​​တွေအဆင်​​ပြေမ​ပြေ ကင်​မရာကိုအထပ်​ထပ်​အခါခါပြန်​စစ်​​နေ၏..

"အဲ့မှာ​ပျော်​​နေသိလား..ငါ့မှာဒီအခန်းကို​ရေးထည့်​ရတာ ​ရှောင်းကျန့်​အ​ပေါ်မျက်​နှာပူတယ်​..."

မိတ္တူပွားထားတဲ့ဇာတ်​ညျွန်းစာရွက်​​တွေနဲ့သူ့အားလာရိုက်​ပြီး​ပြောတဲ့​ဟောက်​ရွှမ်း...သူကသာကျန့်​​ကောလို့​ခေါ်တာ ​ဟောက်​ရွှမ်းနဲ့ကျန်းချန်​က​တော့​ရှောင်းကျန့်​လို့​ခေါ်ဆိုသည်​ သူတို့ထက်​နှစ်​နှစ်​ကြီးတယ်​ဆိုတာမယုံဘူးဆိုပဲ..

"ဒါကငါ့နဲ့ဆိုင်​လား.ဇာတ်​လမ်းမှာဒီလိုတစ်​ခန်းစနှစ်​ခန်းစ​တော့ထည့်​​ပေးရမှာ​ပေါ့ အဆုံးထိလည်းမဟုတ်​ဘူး ဒီတိုင်း အဆင်​​ပြေရုံ​လောက်​ပဲ​လေ..

"ငါတို့လုပ်​ရက်​​တွေကိုသာသိရင်​ ​ရှောင်းကျန့်​စိတ်​ဆိုးနိုင်​တယ်​​နော်​....ဒီဇာတ်​ညွှန်းကစ​ရေးကတည်းကမင်းနဲ့​ရှောင်းကျန့်​အတွက်​တမင်​​ရေးထားရတာ.အိပ်​ရာခန်းက​ယောကျာ်း​လေးအချစ်​မှာ အနည်းနဲ့အများရှိတာ​လေး​ကိုထည့်​​ပေးရတာအဆင်​​ပြေ​ပေမဲ့သူသိရင်​မ​ကောင်းဘူးမလား.."

"ငါ့ညီ.ရိ​ပေါ်က​ရှောင်းကျန့်​ကိုအရမ်းစိတ်​ဝင်​စား​နေ​တော့လည်း ကူညီလိုက်​ပါ.."

ဟောက်​ရွှမ်းရဲ့အားနာသံကို သူတို့ရဲ့အကိုအကြီးဆုံးလိုမျိုး.ရှီးချန်​​ကောကဝင်​​ပြောသည်​ သူတို့​လေး​ယောက်​လုံးက အမှန်​​တော့သူငယ်​ချင်း​တွေချည်းသာ ကျန့်​​ကောအမြင်​မှာ​တော့အရမ်းရင်းနှီးတဲ့သူ​တွေလို့ထင်​​နေလိမ့်​မည်​ ကျန်းချန်​ ​ဟောက်​ရွှမ်းရယ်​သူနဲ့က တ​ကျောင်းတည်းထွက်​​တွေ အထက်​တန်းကတည်းကသိလာတာ..ရှီးချန်​​ကောက​တော့သူတို့ရုပ်​ရှင်​​လောကထဲစဝင်​မှသိ​တယ်​ဆို​ပေမဲ့ တကယ့်​အကိုရင်းတစ်​​ယောက်​လို...

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now