part22🌗

4.7K 424 8
                                    

မုယာသည်​ မြင်​မြင်​ချင်းအချစ်​ဆိုတာ ယုံသည်​မရှိ။ထိုကာလများက ​ရှောင်းကျန့်​ဆိုသည့်​​ကောင်​​လေးအားမြင်​​သောအခါတွင်​​ပျောက်​ပျက်​ရ၏။ရိုက်​ကွင်း၌ပထမဆုံးထို​ကောင်​​လေးနဲ့ဆုံ​တွေ့သည်​မဟုတ်​ အမှန်​စင်​စစ်​စ​တွေ့ခြင်းက fansignတစ်​ခုတွင်​ဖြစ်​သည်​။ လခြမ်း​ကွေးလိုလှပသည့်​အပြုံးနှင့်​လက်​မှတ်​ထိုး​ပေး​နေ​သေးထို​ကောင်​​လေး။သူ့ရဲ့နှလုံးသားကစတင်​လှုပ်​ခတ်​ခဲ့သည်​။managerလုလုက သူ့အတွက်​ အ​အေးဆင်းဝယ်​​ပေးရင်း..မထင်​မှတ်​စွာထိုfansignပွဲတင်​ကရပ်​နားမိ၏။ထို​နေ့ထိုအချိန်​တွင်​ နှလုံးသား၌​ရှောင်းကျန့်​ဆိုသူကဝင်​​ရောက်​ခဲ့သည်​။

ထို​နေ့၌တွင်​မပြီးဆုံး အချို့များသည်​မည်​သို့သတ်​မှတ်​မည်​မသိ​ပေမဲ့ သူသည်​​ရေစက်​လို့သတ်​မှတ်​မည်​။့ bl series တစ်​ခုတွင်​ သူသည်​လည်းတ​နေရာကပါဝင်​သရုပ်​​ဆောင်​ဖို့ကမ်းလှမ်းခံရသည်​။ထိုအချိန်​ကစတင်​ပြီး ​ရှောင်းကျန့်​နှင့်​ရင်းနှီးဖို့ဖြစ်​လာ၏။အေး​အေး​လေး​နေတတ်​​သောထို​ကောင်​​လေး..သူ့အတွက်​ရင်းနှီးဖို့ခက်​ခဲလွန်းသည်​။ လမ်းကြုံ၍တစ်​မျိုး မကြုံ၍တစ်​မျိုး စကား​ပြောဖို့အတွက်​အမျိုးမျိုးဥာဏ်​ဆင်​ပါ၏။တုံးအလွန်းသည့်​​ကောင်​​လေးက​တော့သူ့အစီစဉ်​များကိုသိဖွယ်​မရှိ။ကိုယ့်​နှင့်​မရင်းနှီး​သေးခင်​၌ပဲ ဝမ်​ရိ​ပေါ်ဆိုသူနှင့်​ထို​ကောင်​​လေးရင်းနှီးသွားခဲ့သည်​။ရင်းနှီးတဲ့အဆင့်​ထက်​ပိုသည်​လို့​ပြောကမည်​လား။ လူမသိ​အောင်​ပြုမူတတ်​သည့်​သူတို့အမူရာများကထူးဆန်းလွန်း၏။ရှောင်းကျန့်​အ​ပေါ်ဝမ်​ရိ​ပေါ်ရဲ့ ဂရုစိုက်​မှု​တွေလွန်​ကဲ၏။

ထင်​ထားခဲ့သလိုပင်​ဖြစ်​လာသည်​။ ရိ​ပေါ်နှင့်​​ရှောင်းကျန့်​သည်​ချစ်​သူများအဆင့်​သို့​ရောက်​ခဲ့ပြီ။သူ့အတွက်​ကြိုးစားမှုကဖြစ်​တည်​မလာခဲ့။outdoor ဖို့အတွက်​ London သို့ထွက်​ခွာကြသည်​ထို​နေ့တွက်​တနည်းနည်းနှင့်​​ရှောင်းကျန့်​အားဖွင့်​ဆိုဖို့ကြိုးပမ်း​ပေမဲ့မထင်​မှတ်​စွာ မြင်​​တွေ့ကသည်​ကရိ​ပေါ်သည်​ မြတ်​နိုးရသည့်​​ရှောင်းကျန့်​အားအခန်းအတွင်းသို့​ခေါ်သွင်းသွားသည်​​။ထောင့်​တ​နေရာ၌ သူသည်​ပြင်းထန်​စွာ​ပေါက်​ကွဲမိ၏။နောက်​တ​နေ့​ကြုံဆုံ​အောင်​ဖန်​တီး၍ ​တွေဖို့ကြုံရာတွင်​ သူ့နှလုံးသားအားစွဲယူသွားသကဲ့သို့ပင်​မြတ်​နိုးရသူ​လေးကလည်​ပင်း၌ပိုင်​ဆိုင်​သူအမှတ်​သားများစွာနဲ့။

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now