part15🌗

5.3K 509 13
                                    


"ရိ​ပေါ်."

ကိုယ့်​အား​ရေချိုးခန်းနံရံမှာကပ်​ထားပြီး နားတစ်​​လျှောက်​နှုတ်​ခမ်း​တွေ​ရွေ့​နေတာမို့မ​နေတတ်​စွာကိုယ်​ကိုကျုံ့လိုက်​မိသည်​။ ခန္ဓာ​ပေါ်မှာ boxerတစ်​​ထည်​ကလွဲပြီးမရှိ ။ရိ​ပေါ်က​တော့ဇစ်​ပြုတ်​​နေတဲ့​ဘောင်းဘီနဲ့..သူ့အားခါးက​နေကိုင်​ထားပြီးအနမ်း​တွေဖြန့်​ကျက်​​နေ​တော့လူကမျက်​ရည်​ပါဝဲချင်​လာသည်​။.အ​နေထား​ပြောင်းတဲ့ပုံစံနဲ့ သူ့ကို​ဘေစင်​​ပေါ်မှာတင်​လို့​ခြေ​ထောက်​ကြားရိ​ပေါ်က​နေရာဝင်​ယူသည်​။

ညှပ်​ရိုး​တ​လျှောက်​နဲ့ဗိုက်​သား​တွေကို မထိတထိနမ်းရှုံ့​တော့မျက်​ရည်​တစ်​စက်​က​ပေါက်​ခနဲ။ ရိုက်​ကူး​ရေးမှန်းသိ​ပေမဲ့ရှက်​​နေတာကိုတားမရ။.ကိုယ့်​မျက်​ရည်​စကသူ့နဖူး​ပေါ်ကို​ကြွေကျ​တော့​မော့ကြည့်​လာသည်​။.ရိ​ပေါ်ရဲ့​ကျော​နဲ့ကွယ်ေ​နသည်​မို့သူတို့ရဲ့မျက်​နှာကို မည်​သူမှမမြင်။.​ရေချိုးခန်းထဲ၌လည်း.ကျန်းချန်​နဲ့​ဟောက်​ရွှမ်းကလွဲရင်​မရှိပါ။ ကိုယ့်​ရဲ့အ​ပေါ်ပိုင်းဗလာကိုယ်​လုံးကို တခြားရိုက်​ကူး​ရေးသမား​တွေကိုမပြနိုင်​လို့ဆိုပြီး တစ်​ခန်းထဲမှာ​လေး​ယောက်​သာ။

"စိတ်​ကို​လျော့ထား​နော်​​ကော ဘာမှမဖြစ်​ဘူး.."

အတတ်​နိုင်​ဆုံး​တော့ရိ​ပေါ်က​ချော့​မော့သည်။ယ..​ခေါင်းကိုတဆက်​ဆက်​ငြိမ့်​ပြ​တော့ ပြုံးပြပြီးဇာတ်​လမ်းကိုဆက်ပြီး​အသက်​သွင်းသည်​။နမ်းရှုံ့ရုံ​လေးပါပဲ။ ခဏအကြာတစ်​ခန်းပြီးဆုံး၏..။ချက်​ချင်းဆိုသလိုရိ​ပေါ်ကအနားကသဘက်​ကိုသွားယူပြီးသူ့ကိုယ်​လုံးမှာပတ်​​ပေးသည်​..။

"ပြီးသွားပြီကျန့်​​ကော ဘာမှမဖြစ်​ဘူး​နော်​"

"​တောင်းပန်​ပါတယ်​ ပီပြင်​​အောင်​သရုပ်​မ​ဆောင်​လိုက်​နိုင်​ဘူး"

"မဟုတ်​ဘူး​ကော.သရုပ်​​ဆောင်​​ကောင်းတယ်​..နားလိုက်​​တော့..."

ဒီအခန်း​တွေကိုသူသိပ်​အဆင်​မ​ပြေ​သေးပါ။ကျန်းချန်​က​တော့အဆင်​​ပြေတယ်​ဆိုပြီးလာ​ပြော​လို့စိတ်​သက်​သာရာရ​တော့သည်​။ရိုက်​ကူး​ရေးပြီးဆုံး​တော့.သူလည်းရှင်းချန်​​ကောနဲ့အတူအခန်းထဲမှာပြန်​နားဖြစ်​သည်​။

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now