part21🌗

5K 453 17
                                    

"ကျွန်​​တော်​တို့ဘက်​က သိပ်​အများကြီး​ပြောစရာမရှိပါဘူး.​ပြောချင်​တာ​လေးတစ်​ခုက privacy ကို​လေးစား​ပေးကြပါ သတင်းသမားကကိုယ့်​အလုပ်​ကိုယ်​လုပ်​တာဆို​ပေမဲ့ ကျွန်​​တော်​တို့ဘက်​ကလည်းထိခိုက်​ရပါတယ်​ ​အဓိကက ကျွန်ေ​တာ်​ကကိစ္စမရှိ​ပေမဲ့ကျွန်​​တော့်​ချစ်​သူ​လေး မျက်​နှာငယ်​မှာကိုမလိုလားဘူး.."

သူ့လက်​တစ်​ဖက်​က ခုံ​အောက်​က​နေ ကျစ်​​နေ​အောင်​စုတ်​လို့​မောင်​သည်​စကားဆို၏။ယ​နေ့ကသူတို့ရဲ့datingသတင်း​ဖြေရှင်း​နေခြင်း။ official တွဲ​နေပြီလို့ဖွင့်​မ​ပြော​သေး​ပေမဲ့ထိုသို့နည်းလမ်းကိုသက်​​ရောက်​​နေသည်​။

"မှန်​တာ​ပေါ့ ကိုယ့်​အလုပ်​ကိုလုပ်ြ​ကတယ်​ဆို​ပေမဲ့ privacy ကို​တော့​လေးစားသင့်​တာ​ပေါ့."

သူတို့ဘက်​က​နေ လိုက်​​ပြော​​ပေးတဲ့MCမမကိုလည်း​ကျေးဇူးတင်​မိသည်​။.သူ့ဘက်​က​နေရပ်​တည်​​ပေးတဲ့​မောင့်​ကိုလည်းအပြင်​၌ထုတ်​မ​ပြော​ပေမဲ့ အ​တွေး၌​ကျေးဇူးတင်​မိ၏ ။သူကသာ​မောင်​များထိုသတင်း​တွေနဲ့ခွဲသွားမလားထင်​မိတာ။မောင်​သည်​သူ့အတွက်​အ​ရှေ့မှာအမြဲတမ်းရှိ​ပေး​နေသည့်​လူသားတစ်​ဦး။

"အခွင့်​သာခဲ့ရင်​ ကျွန်ေ​တာ်​တို့ official တွဲမတွဲဆိုတာ ​ဖော်​ပြပါမှာ အခု​တော့ဒီ​လောက်​ပဲ​ပြောနိုင်​ဦးမယ်​ထင်​တယ်​ ။ာ​ပေမဲ့ကျွန်​​တော်​​ပြောတာကိုနားလည်​မယ်​ဆိုရင်​ အခုကျွန်​​တော်​တို့ဘယ်​အ​ခြေ​နေလည်းဆိုတာ​နောက်​သတင်းထပ်​တပ်​စရာမရှိဘူးလို့ထင်​တယ်​ အခုမှတတ်​သစ်​စသရုပ်​​ဆောင်​တစ်​​ယောက်​ပါအမျိုးမျိုးပုတ်​ခတ်​မ​နေကြပါနဲ့ ချစ်​တဲ့သူကိုထိရင်​ ကျွန်​​တော့်​ဘက်​က ဘယ်​လိုမျိုးလုပ်​မိမလည်းမသိဘူး."

ပြောအပြီးမှာ​တင်းတင်း​စေ့ထားသည့်​နှုတ်​ခမ်းသည်​ သတင်းဖွသူများအား သတိ​ပေး​နေသ​ယောင်​။ပြော​နေသည့်​ကိစ္စများက mediaအနှံ့မှာပြသမှာမို့စကားမလွန်​ရ​လေ​အောင်​ ​မောင့်​အားအကြည့်​တချက်​နဲ့ရပ်​တန့်​ခိုင်းလိုက်​သည်​။

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now