part10🌗

5.8K 552 13
                                    

ကားထဲမှာထိုင်​​နေတဲ့​ရှောင်းကျန့်​​ အပြင်​ကိုမည်​သည့်​မျက်​နှာနဲ့ထွက်​ရမလည်းမသိ..ရှင်းချန်​​ကောက​တော့သူ့အ​ခြေ​နေကို ရည်းစားထား​နေတာလားလို့မသင်္ကာသလို​မေး​နေ​သေးသည်​ အသည်းသန်​ငြင်းလိုက်​လို့သာယုံသွားတာ ရိ​ပေါ်ဆိုးလွန်းတယ်​..အခု​တော့ရိုက်​ကူး​ရေးထဲသွားဖို့ ​ခြေမချနိုင်​​တော့ဘူး

ဘေးနားမှာ​တော့ တစ်​ခါကရိ​ပေါ်​ပေးခဲ့တဲ့​ရေဘူးလိ​မ္မော်​​ရောင်​​လေး..အပြည့်​မထည့်​ပဲတစ်​ဝက်​သာသာ သာထည့်​တတ်​တာသူ့အကျင့်​တစ်​ဝက်​ထိ​ရောက်​​အောင်​​မော့​သောက်​ပြီး​နေရာ​လေးမှာပြန်​ချထားခဲ့သည်​.ရိုက်​ကူး​ရေးမှာဘက်​လွတ်​စပယ်​​ပျောက်​သွားမှာကိုမလိုချင်​...

"​ရှောင်း​လေး..မိတ်​ကပ်​နည်းနည်းလိမ်းရဦးမယ်​ဆို​တော့ သွားရ​အောင်​..​စောင့်​​နေရရင်​အားနာစရာ"

"အင်း.​ကော.."

မိတ်​ကပ်​roomထဲ​ရောက်​​တော့ အမကပြုံးပြုံးရွှင်​ရွှင်​ပဲလှမ်းနှုတ်​ဆက်​သည်​ မိတ်​ကပ်​ကိုလည်းအထူကြီးမလိမ်းတတ်​တာမို့ ပါပါး​လေးသာလိမ်းတာကို သ​ဘောအတိုင်းလိုက်​လုပ်​​ပေးသည်​ မိတ်​ကပ်​ပြင်​ဆင်​ခြင်းပြီး​တော့ stylist က​နေအဝတ်​စားစီစဉ်ေ​ပးသည်​ ပြီးဆုံးတဲ့အခါရိုက်​ကူး​ရေးအတွက်​ထိုင်​ခုံမှာခဏနား​နေဖြစ်​သည်​..၅မိနစ်​အချိန်​ရှိ​နေတာမို့ ဇာတ်​ညွှန်းသာထိုင်​ဖတ်​​နေလိမ့်​သည်​..

"​​​ရှောင်း​ကျန့်​..."

"အာ.အမမုယာ.."

ဒီ​နေ့ရိုက်​ကူး​ရေးမှာအမမုယာအခန်းမပါဘူးလို့သိထားပါရက်​နဲ့ဘယ်​လို​ရောက်​​နေမှန်းမသိ..ထိုမင်းသမီးက​တော့သူ့ကိုပြုံးကြည့်​​နေ​လေသည်​..

"​ဒီနားမှာ ​ကြော်​ညာရှုတင်​ရှိတယ်​ လမ်းကြုံတာနဲ့နားမလည်​တာ​လေး ဇာတ်​ညွှန်းဆရာကိုလာ​မေးတာ..ဒီနားမှာ​ရှောင်းကျန့်​ထိုင်​​နေတာ​တွေ့တာနဲ့.."

အမကိုသူ့ကိုလက်​ညိုး​လေးကမ်း​ပြော​တော့ ​ရှောင်းကျန့်​နားလည်​သလို​တော့ရှိလာသည်​..ဘယ်​လိုပဲဖြစ်​ဖြစ်​ ကိုယ်​နဲ့seriesတစ်​ခုထဲမှာသရုပ်​​ဆောင်​​နေတဲ့သူပဲမဟုတ်​ပါလား

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now