"ဟင့်.."နာကျင်နေမှုကြောင့် နိုးထရသည်။စားပွဲပေါ်ရှိနာရီကလေးသည် ည၂နာရီ။ တင်းတင်းကျပ်ကျပ်ဖက်ခံထားရသည်ကရင်ခွင်တစ်စုံ၌။မောင်ဖြစ်သည်။ ရင်ခွင်ထဲသို့တိုး၍ငိုရှိုက်မိသည်။ နာနေပြီလို့ပြောရဲ့နဲ့ မောင်မတရားအနိုင်ကျင့်သည်။ကိုယ်သည်သူအလိုရှိတိုင်းပေးခဲ့သည်ချည်း။မပေးခဲ့လျှင် နှုတ်ခမ်းနှင့်ဖြင့်ဖြင့်ပြုစုပေးပါသည်။ထိုမျှအထိလုပ်ပေးပေမဲ့ သတိလစ်ခါနီးထိမောင်ပြုမူခဲ့သည်။ တစ်ခါက မြင်ချင်ခဲ့သော မောင်ပြီးဆုံးလျှင်ဖြစ်မည့်မျက်နှာ။မြင်ခဲ့ရပါသည်။ဆွဲဆောင်မှုလည်းရှိ၏။သို့ပေမဲ့ ထိုအရာများအားသေချာမခံစားနိုင်တဲ့အထိ မောင့်အပြုမူများသည်သူ့အပေါ်ကြမ်းတမ်းသည်။
"ဟင့်..အင့်.."
တွေးမိတိုင်းနာကျင်ရသည်ကအထပ်ထပ်။မလှုပ်နိုင်လောက်အောင် နာကျင်နေသည်။ အသာမော့ကြည့်မိသည့်မောင့်မျက်နှာသည်စိတ်ဆိုးမှုကိုတားဆီးပစ်နေသည်။အနေထားသည်မောင့်ကိုစိတ်မဆိုးနိုင်တော့။စိတ်ကောက်မိတော့သည်။ထိုမျှအထိလွှမ်းမိုးသည်။
"ဟင့်..အင့်..အင့်.."
"ကော..ကော.."
ကျယ်လာသည့်ရှိုက်သံတွေကြောင့်အလန့်တကြားမောင်နိုးထလာသည်။ မလှုပ်နိုင်သည်မို့ ခြေချောင်းကလေးပင်နေရာမရွေ့ ။အတင်းထူလို့မောင်သည်ရင်ခွင်ထဲထည့်နေသည်။ အထိမခံနိုင်သည့်နေရာများကြောင့်မျက်ရည်တွေမစဲတော့။
"ကော..နာလို့နိုးလာတာလား..မောင်..မောင်..ကျစ်..."
အပြစ်လုပ်ထားသည့်သူလို မောင်သည်ဖြစ်နေ၏။လုပ်ပြီးလျှင်ထိုအတိုင်းပင်။နာကျင်ရသည်က သူပဲမဟုတ်ပါလား။အတင်းပွေ့ဖက်လို့ ကိုယ့်ကိုယ်ကို အပြစ်တွေတင်နေပါသောမောင်။အကိုက်ခံထားရသော နေရာများကိုအဝတ်တွေချွတ်လို့မောင်အတင်းကြည့်တော့သည်။
YOU ARE READING
ရည်ရွယ်ရာ..ဆုံမှတ် (ရည်ရွယ်ရာဆံုမှတ်) (complete)
Fanfictionမိန်းကလေးချစ်သူတောင်မထားခဲ့တဲ့ငါက မင်းဆိုတဲ့ယောကျာ်းကိုသဘောကျတယ် ••ရှောင်းကျန့်•• အလိမ်ညာတွေနဲ့စတင်ခဲ့ပေမဲ့ မြတ်နိုးမိသည်ကအမှန်ပါ ••ဝမ်ရိပေါ်•• မိန်းကလေးချစ်သူတောင်မထားခဲ့တဲ့ငါက မင်းဆိုတဲ့ယောကျာ်းကိုသဘောကျတယ် ••ရှောင်းကျ...