part20🌗

5.1K 460 10
                                    


နှစ်​ရက်​တည်းမ​တွေ့ရ​ပေမဲ့လွမ်းရသည်​က​ပြောမပြနိုင်​​အောင်​မို့​​ကောရဲ့ကိုယ်​လုံးငယ်​အား​ထွေး​ပွေ့ထား​နေမိသည်​။ ဘယ်​​လောက်​​တောင်​များလွမ်းခဲ့ရတာပါလိမ့်​။ရက်​​တွေသာထပ်​​ကျော်​ဦးမယ်​ဆို လွမ်းလို့​သေတဲ့သူကသူများဖြစ်​​လေမလား။

"​မောင်​..​ကောအသက်​ရှူကျပ်​​နေပြီ လွတ်​​ပေးဦး"

အိမ်​​ရောက်​ထိတိုင်​လွတ်​လပ်​ခွင့်​မ​ပေးတာမို့ ​ကောကငြူစူလာသည်​။ ​ထွေး​ပွေ့မှုကို​လျှော့​ပေးလိုက်​မှ အသက်​ပြင်းပြင်းရှူသည့်​​ကော။

"​​ကောဆီကိုဘယ်​လို​ရောက်​လာတာလည်း ​မြေ​အောက်​ကားပါကင်​မှာရှိမှန်းဘယ်​လိုသိလည်း"

"အစက​တော့ comeback ကိုလာမလို့ ​ကောရဲ့fangirls​လေး​တွေကြားမှာ​မောင်​တိုးဝင်​လို့​တောင်​မရဘူး ​ကောပြန်​​တော့မယ်​ဆိုမှအဲ့ဘက်​ကိုလိုက်​ခဲ့တာ​သေချာ​ပေါက်​အဲ့မှာပဲရှိ​နေမှာ​လေ.."

ကောက​ခေါင်း​လေးတဆက်​ဆက်​ငြိမ့်​သည်​။ထို့​နောက်​သူ့ရင်​ဘက်​မှာတဖန်​မှီရင်း​မှေးပြန်​၏။ဒီရက်​များမှာ​ကောအိပ်​​ရေး​တွေပျက်​​နေရှာသည်​လား။..အ​နေထားအရဆိုဖာ​ပေါ်မှာသူသည်​ထိုင်​​နေလျက်​​ကောကသူ့အားမှီတွယ်ေ​တာ့​ငြောင်း​နေ​တော့မှာ။

"​ကောအိပ်​ချင်​ရင်​အိပ်​ခန်းကိုပဲသွားရ​အောင်​ ​မောင်​နဲ့အတူအိပ်​မှာမလား.."

"အင်း.ဒါ​ပေမဲ့ဗိုက်​ဆာ​နေတယ်​ အဲ့မှာကြာသွား​တော့​ကောဘာမှမစားရ​သေးဘူး​မောင်​​ရော.."

ဗိုက်​​လေးပွတ်​တဲ့​ကော​ကြောင့်​ ရိ​ပေါ်သည်​မီးဖိုခန်းမှာမတ်​တပ်​ရက်​လျက်​အ​နေထား။.​ကောအလိုရှိရာကို​ပေါ့။ ဧည့်​ခန်းက​ကောသည်​သူ့အားပြုံးလျက်​ကြည့်​၏။တတ်​စွမ်းသည့်​ အစား​သောက်​အချို့ကိုလုပ်​​တော့ ​ကောကအနားမှာလာကူသည်​။ကောကအသီးရွက်​​ရေ​ဆေး​ပေးရင်​သူသည်​ လှီးဖြတ်​သည့်​တာဝန်​​။ကောလှီးဖြတ်​ရင်​ လက်​ဖဝါးနုနုဓားရှရာချည်​ရဲ့ ။ထိုသို့အဖြစ်​မခံနိုင်​ပါအသီးရွက်​စုံတစ်​ပွဲနဲ့အတူ ဝက်​နံရိုးချက်​ ဟင်းအချိုတပွဲနဲ့​ပေါင်းပြီး ဖန်​ခွက်​အကြည်​​လေးနဲ့​ရေခွက်​နှစ်​ခု အ​ငွေ့ထွက်​​နေတဲ့ထမင်းစားဝိုင်း​လေးပြည့်​စုံ၏။

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now