part25🌗

4.7K 412 11
                                    

"​ရေချိုးထားလိုက်​​မောင်​..ည​နေစာကိုဒီတစ်​ခါ​ကောချက်​​မယ်​"

မောင့်​ရဲ့ဝတ်​စုံတွင်​ သူ၏မျက်​ရည်​များ​ပေစွန်း​နေတာ​ကြောင့်​​ရေချိုးခန်းထဲတွန်းမိ​နေမိ၏။မောင်​သည်​က​လေးဆိုးကဲသို့သူ့ကိုတင်း​နေ​အောင်​ဖတ်​ထားသည်​။

"​ရေချိုး​လေ​မောင်​​ရာ.."

"လွှတ်​​ပေးလိုက်​ရင်​ အရင်​ရက်​​တွေလို​ကောစိမ်းကားမှာစိုးလို့ ​မောင်​​ရေချိုးတာကိုထိုင်​​စောင့်​​ပေး.."

သက်​ပျင်းအားအသာချလိုက်​မိသည်​။မောင့်​ကိုဖွင့်​ပြော၍အတူရင်​ဆိုင်​ခဲ့သင့်​တာ ။အ​တွေးထဲမှာရှိသည်​က ​မောင်​နဲ့စိမ်းကား​အောင်​​နေရင်​ပြတ်​သည်​မရှိပြတ်​မည်​ထင်​ခဲ့တာ။မှန်​သည်​က​မောင့်​ကိုချစ်​လွန်း၍ မပြတ်​နိုင်​။

"​တောင်းပန်​ပါတယ်​​မောင်​ ​နောက်​ဆို ​မောင့်​ကိုအကုန်​လုံး​ပြောပြမယ်​ ​ရေချိုး​တော့​နော်​ "

"ခဏပဲချိုးမှာ "

အ​ပြောနှင့်​တပြိုင်​နက်​​မောင်​သည်​ သဘက်​အားခပ်​သွက်​သွက်​ယူ၍ ​ရေချိုးခန်းသို့ဝင်​၏။ခါတိုင်းများဆို​မောင်​သည်​ သူ့အားချက်​​ကျွေး​နေကျ။ယ​နေ့​တော့သူကချက်​​ကျွေးချင်​သည်​မို့ ကျွမ်းကျင်​သည့်​တစ်​ခုခုကို ချက်​ပြုတ်​လို့စားပွဲ​ပေါ်၌ ​နေရာချလိုက်​သည်​။ထမင်းပန်းကန်​လုံး​လေး​ဘေး၌တူ​လေးအားအဆင့်​ချလို့​မောင့်​အားထိုင်​​စောင့်​​နေမိသည်​။လက်​ပတ်​နာရီပတ်​​လေ့မရှိသည်​မို့ နံရံတွင်​ချိတ်​ကပ်​ထား​သော နာရီအား​မော့ကြည့်​ပါ၏၆နာရီဆိုသည့်​အချိန်​သည်​ အပြင်​၌​မှောင်​ရိပ်​ပင်​သန်း​နေသည်​။ထမင်းဝိုင်း​လေးသို့​မောင်​မ​ရောက်​ရှိ​သေးတာ​ကြောင့်​ ​စောင်း​လေးနှင့်​အသာအုပ်​လို့​မောင်​ရှိမည်​အခန်းတွင်းသို့ဝင်​ခဲ့သည်​။

"​မောင်​​ရေ..အရမ်းကြာ.."

အားလုံးပြင်​ဆင်​ပြီး​ရောအထင်​နှင့်​ဝင်​ခဲ့တာသူမှား၏။မောင်​သည်​ခါး၌သဘက်​တထည်​တည်းနှင့်​သာ။ရေမသုတ်​ရ​သေး၍စီးကျ​နေသည့်​​ရေများသည်​ဆံပင်​စ​က​နေမှ စီးကျသွားသည်​က​ပြေ​လျော့​လျော့သဘက်​အတွင်း။ဖုန်း​ပြော​ဟန်​ဖြစ်​သည့်​​မောင်​သည်​ သူ့ကို​တွေ​တွေ​လေးကြည့်​​နေ၏။

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now