part5🌗

6.6K 619 23
                                    


"ကိုယ်​မင်းကိုချစ်​တယ်​​ရှောင်းကျန့်​..အဲ့ဒါ​ကြောင့်​မရရ​အောင်​ယူမယ်​..အဲ့တစ်​ခုကိုမင်းမှတ်​ထားရမှာ.."

cut!

"ok ပြည့်​စုံတယ်​..မင်းသားဝမ်​ရိ​ပေါ်နား​နေလို့ရပြီ..မင်းသမီးမုယာအဆင်​သင့်​ဖြစ်​ပြီဆိုရင်​ ​နေရာယူ​ပေးပါ​တော့.မိုးမချုပ်​ခင်​ indoor ခန်းလည်းပြီးသွား​အောင်​..."

ရိ​ပေါ်ရဲ့တစ်​ခန်းကရပ်​နားပြီမို့ဒီတစ်​ကြိမ်​က ​ရှောင်းကျန့်​နဲ့မုယာရဲ့အခန်း..ဟိုတ​နေ့က ရိ​ပေါ်နဲ့အဆင်​​ပြေလာတာ ဒီ​နေ့​တွေမှာလည်းအ​ထောက်​ကူဖြစ်​​နေသည်​..​ပေါ့​ပေါ့ပါးပါးနဲ့ သူသရုပ်​​ဆောင်​နိုင်​သွားသည်​..အမမုယာကလည်းစီနီယာတစ်​​ယောက်​မို့သူ့ကိုလက်​ဆွဲ​ခေါ်​ပေးသည်​..အစတုန်းကလိုမျိုးစိတ်​ဖိစီးမှုမရှိဘူး..ရိုက်​ကူး​ရေးအဖွဲ့သား​တွေနဲ့ပါ ရင်းနှီးသလိုခံစားမိလာသည်​..ရိုက်​ကူး​ရေးတစ်​ခန်းရပ်​​တော့ သူတို့ရဲ့ည​နေစာစားချိန်​​လေး.အကုန်​လုံးက.delivery ပဲအလွယ်​တကူမှာစားကြသည်​ သူက​တော့ရှင်းချန်​​ကောစီစဉ်​​ပေးတာကိုပဲ စားမှာမို့..​ဒေါင့်​ကျတဲ့​နေရာ​လေးမှာ​ရေတစ်​ဘူးနဲ့​စောင့်​​နေသည်

"ကျန့်​​ကော..."

အသံနဲ့အတူ.လက်​ထဲမှာလည်းအိတ်​​တွေနဲ့​ရောက်​လာတဲ့ဝမ်​ရိ​ပေါ် သူပြုံးပြလိုက်​​တော့အနားမှာထိုအထုတ်​​တွေနဲ့အတူဝင်​ထိုင်​သည်​.​နေရာက ​ချောင်​ကျတာမို့ ဖြတ်​သွားဖြတ်​လာ တစ်​​ယောက်​စနှစ်​​ယောက်​စ​လောက်​သာ စား​သောက်​ချိန်​မို့ သူတို့နှစ်​​ယောက်​ရှိ​နေတာလည်း ဘယ်​သူမှသတိမထားမိကြ.

"ည​နေစာသွားမစားဘူးလား.ရိ​ပေါ်.​ကော​တောင်​မှရှင်းချန်​​ကောကို​စောင့်​​နေတာ.မုန့်​လုပ်​လာတယ်​တဲ့.ကား​ပေါ်မှာသွားယူ​နေတယ်​.."

"အင်း..ကိုယ်​က ကျန့်​​ကောနဲ့စားချင်​လို့..စားစရာ​တွေပါယူလာတာ.စားလို့ရတယ်​မလား...."

"အာ.ရပါတယ်​..ရှင်းချန်​​ကောကိုခဏ​စောင့်​လိုက်​မယ်​​လေ"

"မ​စောင့်​နဲ့​တော့..ကိုယ်​ပါလာတာပဲစားရ​အောင်​အများကြီးပဲ."

ရည်​ရွယ်​ရာ..ဆုံမှတ်​  (ရည်ရွယ်ရာဆံုမှတ်) (complete)Where stories live. Discover now